Image Slider By helperblogger.com Pure Javascript. No jQuery. No flash. #htmlcaption
Share

Widgets

အဆင်ပြေရင် အောက်ကကြော်ငြာသုံးခုကိုတစ်နေ့တစ်ကြိမ်မျှ ကလစ်ပေးခြင်းနဲ့ ကူညီပါဗျာ...

ဂုဏ်ပြုပန်းစည်းသိမ်းထားဖို့ မိုးစက်ဝိုင်ကိုမှာကြားတဲ့ ထိုင်းမင်းသား


ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ)

ဆီးဂိမ်းအကြိုအဖြစ် ပရိသတ်များနှင့် ထိုင်း၊ မြန်မာ အနုပညာရှင်များ တွေ့ဆုံပွဲတွင် ဖိလစ်ပိုင်နိုင်ငံ missosology Organization မှ ပေးအပ်သော People Choice Award ရရှိခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်အား ထိုင်းမင်းသား Mos Patiphan Patavikran က ဒူးထောက်ကာ ဂုဏ်ပြုပန်းစည်း ချီးမြှင့်ခဲ့သည်။

““မိုးစက်က အရမ်းချစ်စရာကောင်းတယ်။ ပြီးတော့ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒီပန်းလေးကို သေချာလေး သိမ်းပေးထားပါ။ နောက်တစ်ခါလာရင် ဒီပန်းလေးကို ပြန်လိုချင်ပါတယ်”” ဟု ထိုင်းမင်းသားက မိုးစက်ဝိုင်ကို  မှာကြားခဲ့သည်။

အဆိုပါပွဲတွင် ထိုင်းမင်းသား Mos Patiphan Patavikran က ထိုင်းသီချင်းသုံးပုဒ် သီဆိုခဲ့သည်။ Pee Mak  ဇာတ်ကားမှ ထိုင်းမင်းသမီး Davika Hoorne က စိုင်းစိုင်းနှင့်အတူ ဘတ်စကက်ဘော၊      စားပွဲတင်တင်းနစ်များ ကစားပေးခဲ့ပြီး ၎င်းကိုယ်တိုင် ဒီဇိုင်းထွင်ထားသော ပုဝါများကို ပရိသတ်များအား  ဝေမျှပေးခဲ့သည်။

ထိုင်းမင်းသား၊ မင်းသမီးတို့သည် မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း စိုင်းစိုင်းခမ်းလှိုင်၊ လူမင်းတို့နှင့် ဇာတ်ကားရိုက်ကူးရန် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သိရသည်။ထိုင်းအနုပညာရှင်များသည် ဒီဇင်ဘာ ၄ ရက် နေ့လယ်၌ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
7 Day Daily

သွားဖြူချင်သူများ အတွက်


သွားမျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေက External Stainနဲ့ Internal Stain ဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ကွမ်းစားထားတဲ့ သွားတွေဆိုရင် ပြင်ပ အစွန်းအထင်း(External Stain) အနေ နဲ့ အနီရောင်၊ အနက်ရောင်၊ အညို ရောင်စသဖြင့် မြင်ရတတ်ပါတယ်။ အဲဒီ လို မြင်ရတဲ့ ကွမ်းချေးတွေကို Abrasive နည်းနဲ့ ဖြစ်စေ၊ Ultrasonic Scalar နည်းနဲ့ ဖြစ်စေ ခြစ်ထုတ်ပြီး ဖြူစင်အောင် ပြုပြင်လို့ ရပါတယ်။
သွားဖြူစင်အောင်
သွားဖြူအောင် အပြင်မှာ ပြုပြင်တဲ့ နည်းနဲ့ အတွင်းမှာ ပြုပြင်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ အပြင်မှာ ပြုပြင်တဲ့ နည်းဆိုတာ ကတော့ အပြင်မှာ ရှိနေတဲ့ သွားအရောင် အဆင်း အညို၊ အဝါ၊ အ မည်း၊ အစင်းတွေကို ခြစ်ထုတ်တဲ့နည်း ပါ။ ဒါက သာမန်သွားတိုက်တဲ့ နည်းနဲ့ တူပါတယ်။ အတွင်းမှာ ပြုပြင်တဲ့နည်းကတော့ အိမ်မှာ ဖြူနေတဲ့အကျÐတွေ ညစ်ပေနေ ရင် ဆပ်ပြာနဲ့ စိမ်ပြီး ကြေးချွတ်လို့ မပြောင်တဲ့အခါ မဲနယ်ဆိုးရသလိုပဲ သွားရဲ့အတွင်း ပိုင်းမျက်နှာပြင်တွေကို ပုံစံယူစနစ်နဲ့ သွားမျက်နှာပြင်ကို ဖြူ အောင် လုပ်လို့ ရပါတယ်။
သွားအရောင်ခြင်း မတူညီကြ
လူတစ်ဦးနဲ့ တစ်ဦး သွားအရောင်ချင်း မတူညီကြပါဘူး။ တချို့က သွားဖြူပြီး တချို့က သွားဝါကြ ပါတယ်။ စားတဲ့ အစားအစာ ကလည်း တစ်ယောက်နဲ့ တစ် ယောက် မတူတာကြောင့်ပါ။ တစ်ယောက် က ကိုကာကိုလာ ကြိုက်တယ်။ တစ် ယောက်က လက်ဖက်ရည်ကြိုက် . စသဖြင့် စားသောက်တဲ့ အစား အသောက်က မတူတဲ့ အတွက် ထွက်ရှိ လာတဲ့ သွားရဲ့ မျက်နှာပြင်က အရောင် မတူတာပါ။ တကယ်တော့ သွားဆိုတာ လုံးဝအဖြူမဟုတ်ဘဲ ဖြူသလိုလို၊ ဝါသ လိုလို၊ ညိုသလိုလို၊ ဖြူနီသလိုလို၊ ဝါညို သလိုလို ဖြစ်တတ်တဲ့ အတွက် လူ တစ်ယောက်နဲ့ တစ်ယောက် အရောင် မတူနိုင်ပါဘူး။
သွားများတွင် မလိုလားအပ်သော အရောင်အဆင်း မရှိအောင်
သွားမှာ အစင်းတွေ၊ အမည်းတွေကို သေချာ ဂရုစိုက်ကြည့်ရှုပြီး ဒါက သွားပိုး စားတာကြောင့်လား၊ ကျောက်ရှိနေတာ လား ဆိုတာ ခွဲခြားရပါမယ်။ သွားပိုးစား နေတာဆိုရင် သွားမျက်နှာပြင်က အ ပေါက်တွေကို ဖာထေးသင့်ရင် ဖာထေး ပေးရပါမယ်။ သွားမှာ ရှိနေ တာက ကျောက် ဆိုရင် ခြစ်ထုတ်ပြီး သွားမျက်နှာပြင်ကို လှပအောင် ပြင်ရမှာပါ။
ဆေးဝါးကြောင့် ဝါနေသော သွားဖြူအောင်
သွားအရောင် ဝါတဲ့အပေါ် မူတည်ပြီး အရောင်ဖြူတာကို မက်မောသူတွေကို သွားအရောင်ဖြူအောင် ပြောင်းလဲယူ လို့ရပါတယ်။ သွားအရောင်ကို ပြောင်း လို့ ရနိုင်တဲ့နည်းတွေက Bleaching (အ ရောင်ချွတ်တဲ့နည်း) နဲ့ သွားမျက်နှာပြင် ကို အုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ အရောင်ချွတ်တဲ့နည်းကတော့ လိုချင်တဲ့ အရောင်အတိုင်းအတာအထိ မရနိုင် ပါဘူး။
မျိုးရိုးအရ သွားဝါနေခဲ့လျှင်
 မျိုးရိုးကြောင့် သွားဝါနေခဲ့ရင် လိုချင်တဲ့ အရောင်ကို ရအောင် ဖုံးအုပ်တဲ့ နည်းနဲ့ ရယူနိုင် ပါတယ်။ ဒီလို ပြုပြင်တာက ကုသမှုလုပ်တာ မဟုတ်ပါဘူး။ အလှဆင် တာ ဖြစ်ပါတယ်။ အလှဆင် ရာမှာ ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိပါ တယ်။ သွားဝါတဲ့ အတိမ်အနက် ရာခိုင် နှုန်းနဲ့ မျက်နှာ အလှအပအပေါ် မူတည် ပြီး ပြုပြင်သင့် ပါတယ်။ သွားဝါတဲ့ ရာခိုင် နှုန်းက များပြီး မျက်နှာ အနေအထားနဲ့ သွားဖွဲ့စည်းတည်ရှိပုံက လှနေရင်တော့ ပြုပြင်သင့်ပါတယ်။ သွားဝါတဲ့ အနေ အထားက နည်းပြီး မျက်နှာအနေ အထား ကလည်း မလှ၊ သွားအနေ အထားက လည်း မမှန် ဆိုရင်တော့ မပြုပြင်သင့်ပါ ဘူး။

Good Health 

နာမည်ကောင်း မရသည့်တိုင် နာမည်ပျက် စာရင်း မဝင်မိဖို့ လိုသည်


နာမည်ကောင်း တစ်ခုရဖို့၊ လူရိုသေ၊ ရှင်ရိုသေဖြစ်ဖို့ အတွက်တော့ အချိန်ယူ ရပါသည်။ ထိုကြာရှည်သော ကာလအတွင်းတွင် လည်း အမှားနည်းနိုင် သမျှနည်းအောင် တည်ဆောက် ရပါသည်။ ဂုဏ်သတင်းမွှေး ဖို့အတွက်တော့ အချိန်ယူရသည့် သဘော ဖြစ်သည်။ နာမည်ပျက် ချင်လျှင် တစ်ခဏ အတွင်း၊ တဒင်္ဂအတွင်း အမည်တစ်ခုသည် ပျက်သွားဖို့ လွယ်သည်။ ဂုဏ်သတင်း ကောင်းရဖို့ အတွက်တော့ လူတွေအပေါ် မည်မျှကောင်းကျိုးပြု ခဲ့သည်ဟူသော အချက်သည် လွန်စွာ အရေးကြီးသည်။ တိုယိုတာ ကုမ္ပဏီသည် Prius ကားတစ်မျိုး ကိုထုတ်လုပ် လိုက်သောကြောင့် ကားစီးသူ များအကြား Prius ကြောင့် နာမည်ကြီးခဲ့ သည်။ Prius ကြောင့် ဂုဏ်သတင်းမွှေးခဲ့ သည်။ ဆီစားအံ့မခန်း သက်သာကြောင့်ဖြစ် သည်။
တစ်ဂါလံကို မိုင် (၅ဝ)ရအောင် မောင်းနိုင်သည်။ မော်တော်ယာဉ် သုံးစွဲသူ များအကြိုက်ဖြစ်စေသည်။ GE သည်လည်း ထို့အတူ လူတွေလေးစား ဂုဏ်ပြုမှုဖြစ်လာ အောင် လူထု အကျိုးပြုလုပ်ငန်းများ အနေ ဖြင့် လေအားလျှပ်စစ် ထုတ်လုပ်မှုများတွင် လည်းကောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင်လည်း ကောင်း တီထွင်ဖန်တီးပြီး ဈေးကွက်တွင် ရောင်းချနိုင်ခဲ့သည်။ လောင်စာစွမ်းအင် သက်သာစေခြင်းကြောင့်လည်း GE ကို Ecomagination ဟုပင်ခေါ်ဝေါ်လာ သည်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လည်း အနည်းဆုံးဖြစ်စေသည်။ လေထု ညစ်ညမ်းမှုကိုလည်း လုံးဝမဖြစ်စေသော ကြောင့်ဖြစ်သည်။ Starbucks ကိုလည်း ကော်ဖီစိုက်ပျိုးသောစိုက်ပျိုးရေးသမားများ က ဂုဏ်ပြုကြသည်။
ကမ္ဘာပေါ်တွင် Starbucks ကြောင့် ကော်ဖီစိုက်ပျိုးသူများ ဝင်ငွေတိုးစေခဲ့သည်ကား အမှန်ဖြစ်သည်။ Starbucks မတိုင်မီက ထင်ရှားသော အမှတ်တံဆိပ်များရှိခဲ့ဖူးသည်။ သို့သော် လည်း ထိုအမှတ်တံဆိပ်များထင်ရှားမှုသည် သူ့လုပ်ငန်း၊ သူ့ကုမ္ပဏီအတွက်သာဖြစ်စေ သည်။ ကော်ဖီတောင်သူများအတွက်ကား အကျိုးမပြုခဲ့၊ Starbucks သည် ကော်ဖီ စိုက်ပျိုးသူတောင်သူများအတွက်ပါ အကျိုး ပြုစေသောကြောင့် ကော်ဖီလောကတွင် Starbucks ၏ဂုဏ်သတင်း Reputation မွှေးပျံ့ခဲ့သည်။ Reebok သည်လည်း ထို့အတူပင်ဖြစ်သည်။ Reebok တွင် အလုပ်အကိုင်တစ်ခုရဖို့အတွက်တော့ အလွန်ခက်ခဲသည်။ အကြောင်းကတော့ သူ့အလုပ်သမားများကို အလွန်ဂရုစိုက် သောကြောင့်ဖြစ်သည်။ အလုပ်သမားများ ရပိုင်ခွင့်နှင့်ပတ်သက်လာလျှင် အပြည့်အဝ ပေးသည်။
ထို့အတူ ကောင်းသောအင်္ဂါရပ်များနှင့် ပြည့်စုံသောကုမ္ပဏီလုပ်ငန်းများ၊ ဂုဏ် သတင်းမွှေးသောလုပ်ငန်းများရှိသကဲ့သို့ လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သက်ပြီး အား နည်းခဲ့သောလုပ်ငန်းများလည်းရှိခဲ့ပါသည်။ ပမာအားဖြင့် Walmart ဆိုလျှင် တစ်ချိန် က သူ၏ဝန်ထမ်းများသည် လုပ်ခလစာ နည်းနေမှုများ၊ လုပ်ငန်းခွင်အတွင်း ရသင့် ရထိုက်သောအခွင့်အရေးများ နစ်နာဆုံးရှုံး သွားမှုများကြောင့် ကျယ်ကျယ်လောင် လောင်အရေးဆိုမှုများ၊ သတင်းစာဂျာနယ် များတွင် သတင်းအဖြစ်ဖော်ပြခံရမှုများရှိခဲ့ ဖူးသည်။ Nike လည်း ထို့အတူပင်ဖြစ် သည်။ သို့သော်လည်း ဖြစ်ပုံကတစ်မျိုးဖြစ် သည်။ သူကတော့ ကလေးလုပ်သားများ ခိုင်းစေခဲ့မှုဖြစ်သည်။ နိုင်ငံရပ်ခြားတိုင်း တစ်ပါးတွင် ဖွင့်လှစ်ထူထောင်ထားသော Nike လုပ်ငန်းများတွင် ကလေးလုပ်သား များခိုင်းစေမှုကြောင့် နာမည်ပျက်သော သဘောလည်းရှိခဲ့သည်။
ထို့ကြောင့် လုပ်ငန်း၏နာမည်သည် အရေးကြီးသည်။ နာမည်ကောင်းစာရင်း reputation တွင် မပါနိုင်သည့်တိုင်အောင် နာမည်ပျက်စာရင်း Blacklists များတွင် မဝင်မိဖို့ အရေးကြီးလာသည်။ ကုမ္ပဏီ လုပ်ငန်းတစ်ခုအတွက် နာမည်ကောင်းရဖို့ အတွက် အောက်ဖော်ပြပါအချက်ကြီး (၅)ချက်ကို ဂရုစိုက်ရန်လိုအပ်သည်ဟု လည်း လေ့လာသူများကသုံးသပ်ကြသည်။ ၁။ ကုမ္ပဏီလုပ်ငန်းတစ်ခုအနေဖြင့် မိမိထုတ်လုပ်လိုက်သော ကုန်စည်နှင့်ဝန် ဆောင်မှုများသည် အမှန်တကယ်အရည် အသွေးပြည့်မီခြင်းရှိမရှိ၊ စံချိန်စံညွှန်းကိုက် မကိုက်၊ ဂရုတစိုက်ထုတ်လုပ်သည်လားဟူ သောမေးခွန်းကို မှန်မှန်ကန်ကန်ဖြေတတ် ဖို့ အရေးကြီးသည်ဟုဆိုပါသည်။ အကယ် ၍ ထိုမေးခွန်းကိုမဖြေနိုင်ပါက နောက်မေး ခွန်းများလည်း မေးရန်မလိုတော့ဟုဆိုပါ သည်။ ထိုအချက်သည် အခြေခံအချက်ဖြစ် သည်။ မိမိရောင်းချလိုက်သည့် ထုတ်ကုန် သည်ပင်လျှင် အမှန်အကန်မထုတ်လုပ် သောလုပ်ငန်းအတွက်တော့ နာမည် ကောင်းဆိုသည့် Reputation လည်း ရှိမည်မဟုတ်တော့ပါ။
၂။ ကုမ္ပဏီအနေဖြင့် တည်ငြိမ်သော အမြတ်အစွန်းများရရှိမှု/ရှိမရှိဆိုသည့် အချက်ကို သုံးသပ်ရန်လိုသည်။ အမြတ် အနေဖြင့် များခြင်း၊ နည်းခြင်းဆိုသည် သဘောထက်၊ ပုံမှန်ရရှိနေသောအမြတ် အစွန်းကိုဆိုလိုသည်။ ထိုသို့သောအမြတ် အစွန်းသည် ကာလအတော်ကြာသည် အထိ ထိန်းသိမ်းထားနိုင်စွမ်းရှိသော လုပ်ငန်းများသည် ဖောက်သည်မပျက်သော ကြောင့်ဖြစ်သည်။ ဖောက်သည်မပျက်သည့် အကြောင်းရင်းမှာလည်း လုပ်ငန်းအပေါ် ယုံယုံကြည်ကြည်သုံးစွဲနေသောကြောင့်ဖြစ် သည်။
၃။ လုပ်ငန်းများစီမံခန့်ခွဲအုပ်ချုပ်ပုံ အနေအထားသည် ထင်သာမြင်သာရှိသော စီမံခန့်ခွဲမှုဖြစ်မဖြစ်ဆိုသည့်အချက်လည်း ဆန်းစစ်ရန်လိုသည်။ ရေလိုက်၊ ငါးလိုက်၊ သင့်သလိုအုပ်ချုပ်၊ တော်သလိုစီမံ၊ ဖြစ်သလို စီမံသောလုပ်ငန်းများစွာရှိသည်။ စီမံခန့်ခွဲ မှုညံ့ဖျင်းသောလုပ်ငန်းအတွက် နာမည် ကောင်းထိန်းသိမ်းရန်ခက်ပါမည်၊ အကြောင်းမှာ နာမည်ကောင်းမရှိသော ကြောင့်ဖြစ်သည်။
၎။ လုပ်ငန်းတွင် လုပ်ငန်းအတွက် လိုအပ်သောအရည်အချင်းနှင့်ပြည့်စုံသော လုပ်သားအင်အားခန့်ထားမှု ပြည့်စုံမှုရှိမရှိ ဆိုသည့်အချက်များကိုလည်း ဂရုစိုက်ရန် လိုပါသည်။ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောဖြန့်ဖြူးမှုအခြေအနေ ပုံမှန်အနေ အထားတွင်ရှိမရှိဆိုသည့်အချက်သည် အရေးကြီးသည်။ လုပ်ငန်းတစ်ခုလုပ်ကိုင် ရာတွင် မကြာခဏအရေးပေါ်အခြေအနေ လုပ်ကိုင်နေရခြင်းများ၊ မကြာခဏ အိုဗာ တိုင် (Overtimes) ဆင်းနေရမည်ဆိုပါက ထိုလုပ်ငန်းသည် Reputation ရရှိရန် မလွယ်ပါ။
 ၅။ လုပ်ငန်းများအနေဖြင့် လူမှုရေး ဆောင်ရွက်မှုများ၊ ဘာသာရေးပွဲတော်များ၊ နှင့် အခါကြီးရက်ကြီး၊ နိုင်ငံတော်နှင့်ဆိုင် သော ပွဲလမ်းသဘင်များတွင် ပါဝင်မှုရှိမရှိ ဆိုသည့်အချက်ကိုလည်း ဆန်းစစ်ရန်လိုပါ မည်။ အချို့သောလုပ်ငန်းများသည် လုပ်ငန်းရှင်အနေဖြင့်သာ လူမှုရေး၊ ဘာသာ ရေးလုပ်ငန်းများတွင် ပါဝင်ခြင်းရှိကြသည်။ သို့သော်လည်း လုပ်ငန်းအမည်ဖြင့်ပါဝင်မှု အတွက်တော့ နည်းတတ်ပါသည်။ ယနေ့ မျက်မှောက်အခြေအနေတွင် လုပ်ငန်းရှင် အနေဖြင့် ဘာသာရေး လူမှုရေးလုပ်ငန်း များတွင် ပါဝင်ခြင်းထက်၊ လုပ်ငန်းအနေ ဖြင့် ပါဝင်လာမှုအသွင်ပြောင်းလာပါသည်။ တစ်နည်းအားဖြင့် လူထုကြားတွင် လုပ်ငန်း ရှင်ထက်၊ လုပ်ငန်းကို လူသိပိုခံသည့် သဘောမျိုးဖြစ်သည်။ လုပ်ငန်းရှင်အနေဖြင့် လူသိခံခြင်း၊ လုပ်ငန်းအနေဖြင့် လူသိခံခြင်း ဆိုသည်မှာလည်း လုပ်ငန်းအနေအထား ပေါ်များစွာမူတည်နေ ပါလိမ့်မည်။
အချို့သောလုပ်ငန်း များသည် စုပေါင်း ပိုင်ဆိုင်သည့်လုပ်ငန်းများ Employee Owned Company များဖြစ်နေလျှင် လုပ်ငန်းအနေဖြင့် လုပ်ဆောင်တတ်ကြ သည်။ အချို့လုပ်ငန်းများသည် အကျိုးတူ ပူးပေါင်းဆောင်ရွက်သောလုပ်ငန်းမျိုး Mutual Company လည်းရှိတတ်ပါသည်။ ထိုလုပ်ငန်းမျိုးများတွင် လုပ်ငန်းရှင်အနေဖြင့် ရပ်တည်လို့မရပါ။ လုပ်ငန်းအနေဖြင့်သာ လှုပ်ရှားဆောင်ရွက်ရပါသည်။ နောက်တစ် မျိုးကတော့ သမဝါယမလုပ်ငန်း (Cooperative) များဖြစ်သည်။ တစ်ဦးတစ် ယောက်အမည်ဖြင့် လုပ်ငန်းကိုအမည် ကောင်းခံလို့မရသော လုပ်ငန်းမျိုးများဖြစ် သည်။ နောက်ဆုံးတစ်မျိုးမှာ Benefit Corporation များဖြစ်သည်။ လူမှုရေး အကျိုးအလို့ငှာ ထူထောင်ထားသော လုပ်ငန်းမျိုးများဖြစ်သည်။
ထိုသို့သော လုပ်ငန်း မျိုးများသည် တစ်ဦးတစ်ယောက် ကောင်းဖြင့် လုပ်ဆောင်ထားသောလုပ်ငန်း မျိုးမဟုတ်သောကြောင့် လုပ်ငန်း အတွက် သာ နာမည်ကောင်းရယူနိုင် ပါသည်။ အမည်ကောင်း လက်မှတ်အတွက် လူတိုင်း၊ လုပ်ငန်း တိုင်းသည် ကြိုးစားကြ သည်ချည်း သာဖြစ်သည်။ သို့သော်လည်း လူတိုင်းအတွက်ကြိုးစားရာတွင် Individuals သဘောမျိုးရယူသွားခြင်းရှိသကဲ့သို့ အဖွဲ့အစည်းသဘောမျိုး (Institutions) အနေဖြင့်လည်း ရယူနိုင်ပါသည်။ သို့သော် လည်း နာမည်ကောင်းအတွက် အရေးကြီး သောအချက်မှာ လုပ်ငန်းတစ်ခု အနေဖြင့် Institutional Factors သဘောမျိုးအရ ဖွဲ့စည်းထား သော်လည်း တစ်ဦးကောင်း တစ်ယောက်ကောင်း သဘောမျိုး Individual Reputation ရယူမည် ဆိုလျှင် ထို Reputation ကို ရယူထား သူအတွက် အလွန်အန္တရာယ်များ သည်ကိုတော့ သတိ ချပ်ရန် လိုပါမည်။

ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)
အခွင့်အလမ်း

ဒီဇင်ဘာလ(၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၆၅

 ဒီလင့်ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်....


                                 Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၆၅
အဆင်ပြေပါစေ.....

ဒီဇင်ဘာလ(၈)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၂ အမှတ် ၃၁

အောက်ကလင့်မှာ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်....
 

အင်တာနက် ဂျာနယ် - internet journal (12-DEC-2013)

 
 ဒေါင်းချင်သူများဒေါင်းနိုင်ပါပြီ...
အောက်ကလင့်ကနေဒေါင်းနိုင်ပါတယ်...



အဆင်ပြေပါစေ....

ယောက်ျားဆိုတာ


အမျိုးသား တစ်ယောက် ရှိတယ်။ သူက အမျိုးသမီး သုံးယောက်ထဲက တစ်ယောက်ကို လက်ထပ်ဖို့အတွက် ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို အချိန်အတော် ကြာအောင် စဉ်းစားနေတယ်။
ထိုသုံးယောက်ကို စာမေးပွဲစစ်ဖို့ သူဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့် တစ်ယောက်စီကို ဒေါ်လာ ၅၀၀ စီပေး လိုက်ပါတယ်။
ပထမ တစ်ယောက်က ဆွဲဆောင်မှု ရှိပြီး အရမ်းလှတယ်။ သူပေးလိုက်သော ဒေါ်လာ ၅၀၀၀ ကို beauty salon သွားပြီး မျက်နှာ ပေါင်တင်တယ်၊ ဆံပင်ဆေးဆိုးတယ်၊ ခြေသည်း လက်သည်းတွေကို ဆေးခြယ်တယ်။ ဒီလိုနည်းနဲ့ သုံးလိုက် ပါတယ်။ ထို့နောက် အမျိုးသမီးက သူ့ကို အရမ်းချစ်တယ်ဟု ပြောလိုက်ပါတယ်။ အရမ်းသဘောကြသွားတယ်။
ဒုတိယ တစ်ယောက်က ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို Shoppig ထွက်တယ်။ မုန့်စားတယ်။ ဖုန်းဝယ်တယ်။ သူ့အတွက် လက်ဆောင်လည်း တစ်ခုဝယ်ပေးတယ်။ ထို့နောက် သူ့ကို အရမ်းချစ်တယ်ဟု ပြောတယ်။ သူသဘော ကြသွားတယ်။
တတိယ တစ်ယာက်ကတော့ အရမ်းဆွဲဆောင်မှုတော့ မရှိဘူး။ သဘောကောင်းရုံတင် မက သူ့အပေါ်မှာ အလွန်ကောင်းတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို သူ့ကို ပြန်ပေးတယ်။ ပြီးတော့ သူမကို ရှင်ကို အရမ်းချစ်တယ်လို့ ပြောတယ်။ သူ့အတွက် လက်ဆောင်တစ်ခု ထပ်ပြီး ဝယ်ပေးလိုက်သေးတယ်။ သူအရမ်း အရမ်းကို သဘောကြသွားတယ်။
ထိုအမျိုးသားသည် ဘယ်မိန်းကလေး ရွေးချယ်မည် ထင်ပါသနည်း။
(၁) ရုပ်ချောပြီး ဆွဲဆောင်မှု ရှိတယ်။
(၂) ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောတယ်။
(၃) ဆွဲဆောင်မှုလည်း မရှိဘူး။ မချောဘူး။
စိတ်ထား ကောင်းတယ်။ ထိုသူသည် အရမ်းချောပြီး ဆွဲဆောင်မှု ရှိတဲ့ တစ်ယောက်ကို ရွေးချယ် လိုက်ပါတယ်။
ထို့ကြောင့် ယောက်ျားဆိုတာ။
ကျော်လင်းနိုင် (ရိုးရာလေး)
Yoyarlay

ထိုင်းအစိုးရကို တနင်္လာနေ့ နောက်ဆုံးထား၍ တိုက်ပွဲဝင် ဖြုတ်ချသွားမည်ဟု


ဘန်ကောက်၊ ဒီဇင်ဘာ ၈

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နောက်ကွယ်မှ ကြိုးကိုင်ခံနေရသည်ဟု စွပ်စွဲပြောဆို ခံထားရသည့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့ကို တနင်္လာနေ့ (ဒီဇင်ဘာ ၉ ရက်နေ့) နောက်ဆုံးထား၍ ဖြုတ်ချသွားမည် ဖြစ်သည်ဟု အတိုက်အခံ အင်အားစုများက သံန္နိဋ္ဌာန် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ရက်အတန်ကြာ ဖြစ်ပေါ်ခဲ့သည့် ‘သက်ဆင်၏ ရုပ်သေးအစိုးရ’ ဆန့်ကျင်ဖြုတ်ချရေး ဆန္ဒပြပွဲကြီးသည် ဘုရင်မင်းမြတ် ဘူမီဘော အဒူရာဒက်၏ မွေးနေ့ အချိန်ကာလ၌ အတန်ငယ် အင်အားလျော့ကျ သွားခဲ့ပြီးနောက် အတိုက်အခံတို့က တနင်္လာနေ့ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ကာ အစိုးရအား ဖြုတ်ချသွားမည်ဟု ကြေညာခြင်း ဖြစ်သည်။

အကယ်၍ သတ်မှတ်ထားသည့် ယင်းနေ့တွင် ဝ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရနှင့် သက်ဆင်အုပ်စု (၎င်းတို့အခေါ်) ကို ဖယ်ရှားနိုင်ခြင်း မရှိခဲ့ပါက အညံ့ခံ အရှုံးပေးသွားရန်လည်း ဆန္ဒပြ ခေါင်းဆောင်များတွင် ဆန္ဒရှိနေကြောင်း အတိုက်အခံတို့ဘက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“မနက်ဖြန် (တနင်္လာနေ့) ဟာ အင်အားဖြည့်မယ့်နေ့ မဟုတ်ပါဘူး၊ တိုက်ပွဲ နောက်ဆုံးနေ့ပါ” ဟု အတိုက်အခံ အဖွဲ့ ဖြစ်သော ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRD) မှ ပြောရေးဆိုခွင့်ရှိသူ အီကာနက်ပရိုပန် ဆိုသူက ပြောကြားသည်။

အတိုက်အခံများက ထိုသို့ တနင်္လာနေ့အား အစိုးရကို နောက်ဆုံးဖြုတ်ချမည့် နေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာစဉ် အချိန်တွင်ပင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က သူမအနေနှင့် အတိုက်အခံ ခေါင်းဆောင် ဆူတတ်တာဆူဘန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း အသိပေး ပြောကြားသည်။
“ကျွန်မ တံခါးတွေအားလုံး ဖွင့်ထားဆဲပါပဲ၊ သူ (အတိုက်အခံ ခေါင်းဆောင်) နဲ့ တွေ့ဆုံ ဆွေးနွေးဖို့လည်း အသင့်ရှိနေပါတယ်” ဟု ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ နှမဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောကြားသည်။

သို့သော် သက်ဆိုင်ရာ ဝန်ကြီးရုံးများ အားလုံးအနေနှင့် ဌာနရုံးများ အတွင်းသို့ ဆန္ဒပြ အင်အားစုများ ဝင်ရောက်လာမည့် အခြေအနေများအတွက် ကြိုတင် ပြင်ဆင်ထားရန် ထိုင်းအစိုးရက အထူးသတိပေးချက် ထုတ်ပြန်ထားသည်။
“ဒီဇင်ဘာ ၉ ရက်နေ့မှာ အားလုံး မဖြစ်မနေ အဆုံးသတ်ရမှာပါ။ တကယ်လို့ ဆန္ဒပြမှုတွေ မအောင်မြင်ခဲ့ဘူး ဆိုရင် ပူးတွဲ အတိုက်အခံ ခေါင်းဆောင်တွေ အားလုံး သူတို့ ဘာသာသူတို့ အရှုံးပေးကြမှာ ဖြစ်ပါတယ်၊ အဲဒီလိုဆိုရင် သူတို့ဟာ တည်ဆဲ ဥပဒေတွေအရ တရားစွဲဆို အရေးယူ ခံရတော့မှာ ဖြစ်ပါတယ်” ဟု အတိုက်အခံဘက်မှ ပြောရေး ဆိုခွင့်ရှိသူက ဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က အသက် ၈၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော ထိုင်းဘုရင် ဘူမီဘောက ပြန်လည် သင့်မြတ် ညီညွတ်ကြရန် ယင်းနေ့တွင် ထောင်ပေါင်း များစွာသော ပြည်သူများကို ပြောကြားခဲ့သည်။
The Voice Weekly

ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်


နေပြည်တော်၊ ဒီဇင်ဘာ ၉

၇-၁၂-၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၈/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေး အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်သပြေရပ်ကွက်နေ တင်ကျော်(၄၅)နှစ်မောင်းနှင်လာသည့် 1G/xxxx ““အီလိုက်”” ခရီးသည်တင်မှန်လုံယာဉ်မှာ ၀ဲဘက်ရှေ့ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများအားဝင်ရောက်တိုက်မိခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်စက်ပြင်ဖြစ်သူ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်နေ စွမ်းနိုင်အောင်(၂၅)နှစ်တွင် ၀ဲခြေဖ၀ါးပေါက်ပြဲ ဒဏ်ရာရရှိခဲ့သောကြောင့် မိတ္ထီလာဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ကိုယ်ထည်ရှေ့ ၀ဲဘက်ခြမ်းအောက်ပိုင်းကျိုးကြေ၊ ၀ဲ/ယာရှေ့ဘီးများပေါက်၊ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံး ခဲ့သဖြင့် တင်ကျော်အား ပေလေးပင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ကွတ်ခိုင်၌ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်


ကွတ်ခိုင်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့် ခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံက ပြောကြားသည်။

ကွတ်ခိုင်မြို့နယ်နှင့် သုံးမိုင်ခန့်အကွာ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် ကလေး လေးဦးမိခင် အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီးကို ဒီဇင်ဘာလ ၂ ရက်နေ့က ရဲအဝတ်အစားများ ဝတ်ဆင်ပြီး လက်ထိတ်များ ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ ၎င်းနေအိမ်သို့ ရောက်ရှိလာကြောင်း၊ မူးယစ်ဆေးဝါးရှိ မရှိ နေအိမ်နှင့် အဆိုပါ အမျိုးသမီး ကိုယ်ပေါ်တွင် လိုက်လံ ရှာဖွေခဲ့ပြီး ခန္ဓာကိုယ်ကို ကြိုးဖြင့်တုပ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးက ဆိုသည်။

ယင်းဖြစ်ရပ်ကို အခင်းဖြစ်ပွားသည့် ညတွင် ကွတ်ခိုင်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ထံသို့လည်း ဆက်သွယ် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါ အမျိုးသမီးကို အဓမ္မပြုကျင့်မှုတွင် အမှန်တကယ် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ပါက ယင်းတပ်ဖွဲ့ဝင်များကို အရေးယူသွားမည် ဖြစ်ပြီး အမူမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းထောက်လှမ်းရေး အဖွဲ့သုံးဖွဲ့ ဖွဲ့၍ ဆောင်ရွက်နေကြောင်း ကွတ်ခိုင်မြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး စိုင်းကိုကိုလတ်က ပြောကြားသည်။
“လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်းလက်မ ပြတ်ပြတ်သားသား အရေးယူမယ်။ အဓမ္မပြုကျင့်တာ ရဲတပ်ဖွဲ့ဝင် ဖြစ်တယ်လို့ သံသယဝင်စရာ ဖြစ်နေရင်တော့ ရဲတပ်ဖွဲ့ရဲ့ သိက္ခာလည်း ကျဆင်းပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကွတ်ခိုင်မြို့မရဲစခန်း ပြစ်မှုပုဒ်မ - ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း ကွတ်ခိုင် မြို့မရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

ယာဉ်တိမ်းမှောက်၍ (၄)ဦးဒဏ်ရာရ


နေပြည်တော်၊ ဒီဇင်ဘာ ၉

၇-၁၂-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂၇/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ အေးမင်း(၇၂)နှစ်မောင်းနှင်လာသော ၄ဃ/xxxx အော်တစီခဲရွှေရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးသို့ထိုးကျခဲ့ပြီး တောင်ကမ်းပါးယံနှင့် ၀င်ရောက်တိုက်မိခဲ့ကြောင်းတွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်မောင်းအေးမင်းတွင် ယာနားထင် နာကျင်၊ ယာမျက်ခုံးညိုမဲ၊ ၀ဲလက်ဖမိုးပွန်းပဲ့ဒဏ်ရာ၊ ယာဉ်ပေါ်ပါ(၈)ဦးအနက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေသူများဖြစ်သည့် ဒေါ်မြမြစိန်(၅၈)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ယာလက်မောင်း/ ခါးနာကျင်၊ ၀ဲတံတောင်ဆစ်ပွန်းဒဏ်ရာ၊ မထက်ထက်အေးမင်း(၂၉)နှစ်တွင် ၀ဲတံတောင်ဆစ်ပွန်းပဲ့၊ နှာခေါင်း သွေးထွက်၊ လည်ပင်းနာကျင်ဒဏ်ရာ၊ မောင်စည်သူ(၆)နှစ်တွင် ယာတံတောင်ပြတ်ရှ၊ ၀ဲတံတောင်/ ယာခြေသလုံးပွန်းဒဏ်ရာနှင့် မောင်မောင်အေးမင်း(၂၇)နှစ်တွင် ၀ဲနားပွန်းပဲ့၊ ၀ဲပုခုံးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မှာရှေ့ခေါင်းပိုင်း ပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲ/ယာတံခါးပျက်စီး၊ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အေးမင်းအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ဒီမိုကရေစီ ဘောင်ထဲက ထိုင်းနဲ့မြန်မာ


ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ်ကို ကျင်းပဖို့ ဖြစ်လာစေတဲ့ ဘန်ကောက်ဆန္ဒပြပွဲ (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံမှာ ၂ဝ၁၅ ဆိုရင် နောက်ထပ် အထွေထွေရွေးကောက်ပွဲတခု ကျင်းပမှာဆိုတော့ အခုကနေ လက်ချိုးရေတွက်ရင် သိပ်မလိုတော့ပါဘူး။ အခုအချိန်မှာ ရွေးကောက်ပွဲအကြောင်းကို ပြောတော့ စောနေသေးတယ်လို့ တချို့က ထင်ကောင်း ထင်ပါလိမ့်မယ်။ တကယ်တန်းက အကြမ်းဖျဉ်းတွက်မယ်ဆိုရင် တနှစ်နဲ့ဆယ်လ လောက်သာလိုပါတော့ တယ်။ နိုင်ငံရေး ပါတီတိုင်းဟာ ရွေးကောက်ပွဲမှာ အနိုင်ရလိုတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အငြင်း မပွားလိုပါ။ သို့သော်လည်း ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ခြိမ်းခြောက်တာ လိမ်တာညစ်တာမျိုး မပြုလုပ်ဘဲ ရိုးရိုးသားသား ပြိုင်ဆိုင်ကြဖို့တော့ လိုပါတယ်။

ဥပမာအားဖြင့် ဘာသာရေး လူမျိုးရေး ကိစ္စတွေကို ခုတုံးလုပ်ပြီး မဲနိုင်အောင် လုပ်တာမျိုး၊ မတရားတဲ့နည်းလမ်းတွေကို အသုံးပြုပြီး မဲဆွယ်တာ မဲဝယ်တာ မဲခိုးတာမျိုးတွေကိုလည်း ရှောင်ရှားရပါလိမ့်မယ်။ နောက်တချက်ကတော့ အတိတ် ကာလတုန်းက မတရားသဖြင့် ပြဌာန်းထားတဲ့ ဥပဒေတွေကို အကာအကွယ်ယူပြီး အသာစီးရအောင် လုပ်တာမျိုးတွေ လည်း မရှိသင့်ပါဘူး။ ရွေးကောက်ပွဲဆိုတာ အမှန်တကယ်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးသာ ဖြစ်သင့်ပါ တယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်မှုလည်းမရှိ တရားမျှတခြင်းလည်း မရှိဘူးဆိုရင် သဘောထား ကွဲလွဲမှုတွေနဲ့အတူ လူ့အဖွဲ့အစည်း အတွင်းက ငြိမ်းချမ်းမှုကို ပျက်ပြားစေပါတယ်။ ငြိမ်းချမ်းမှု ပျက်ပြားရင် နောက်ဆက်တွဲအဖြစ် ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။

ရွေးကောက်ပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မကြာသေးခင် နှစ်အတွင်းက ဖြစ်ခဲ့တာလေးတွေကို ပြောလိုပါတယ်။ ၂ဝ၁၁ ခုနှစ် ဇူလိုင်လထဲတုန်းက ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတခု ကျင်းပပြုလုပ် သွားခဲ့ပါတယ်။ ရွေးကောက် ပွဲမှာ အပြတ်အသတ်နဲ့ မဲအနိုင်ရရှိသွားတဲ့ ပါတီကတော့ ရှပ်နီတွေလို့ လူသိများတဲ့ “ဖုဝထိုင်း” ဆိုတဲ့ ပါတီ ဖြစ်ပါတယ်။ အဆိုပါ ရွေးကောက်ပွဲ မတိုင်မီ အစိုးရအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှပ်ဝါတွေလို့ လူသိများတဲ့ “ဒီမိုကရက်ပါတီ” ကတော့ အတိုက်ခံပါတီ ဖြစ်သွားခဲ့ပါတယ်။ ဖုဝထိုင်းပါတီကနေ ဝန်ကြီးချုပ်အသစ် ဖြစ်လာသူကတော့ ယဉ်လတ်ရှီနာဝတ် လို့ ခေါ်တဲ အမျိုးသမီး ခေါင်းဆောင်တဦးဖြစ်ပါတယ်။ သူဟာ ထိုင်းစစ်တပ်က အာဏာသိမ်းလို့ ၂ဝဝ၆ ခုနှစ်မှာ ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှီနာဝတ်ရဲ့ ညီမအငယ်ဆုံးလည်း ဖြစ်ပါတယ်။ ယဉ်လတ်ဟာ ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်စဉ်မှာ အသက်အရွယ်အားဖြင့် ၄၄ နှစ်သာ ရှိပါသေးတယ်။ နိုင်ငံရေး အတွေ့ အကြုံလည်း အတော်ကလေး နည်းပါးသူလို့ ဆိုနိုင်ပါတယ်။

ဒီမိုကရက်ပါတီနဲ့ ဖုဝထိုင်းပါတီတို့ဟာ ပြိုင်ဖက်တွေ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲအကြို ကာလ အတောအတွင်းမှာ အကြမ်းဖက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ဟိုယခင်တုန်းက ရွေးကောက်ပွဲများနဲ့ နှိုင်းစာမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင်းပနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် သတင်းမီဒီယာလောကဟာ ရွေးကောက်ပွဲ သတင်းများကို အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ် အချိန်နဲ့တပြေးညီ ထိုင်းပြည်သူတွေဆီ တင်ပြနိုင်ခဲ့တာဟာ လည်း တိုးတက်မှု အသစ်တရပ်အဖြစ် မြင်နိုင်ပါတယ်။ မီဒီယာတွေက နိုင်ငံရေး ပါတီတခုခုကို ဘက်လိုက်ပြီး သတင်း တင်ဆက်တာမျိုးတွေ အတော်လေးကင်းစင် ခဲ့တာကလည်း ချီးမွမ်းစရာပါ။

နောက်တချက်ကတော့ အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ် ကိုယ်တိုင်က ဒီရွေးကောက်ပွဲမှာ ဘက်လိုက်မှု မရှိဘဲ ကြားနေ အဖွဲ့အစည်း အဖြစ် ရပ်တည်ပေးခဲ့တာကလည်း အများသာဓု ခေါ်စရာ ဖြစ်ပါတယ်။ တချိန်ထဲမှာလည်း ထိုင်းပြည်သူ တွေဟာ အကြောက်တရား ကင်းကင်း လွတ်လွတ်လပ်လပ်နဲ့ သူတို့ရွေးချယ်လိုတဲ့ နိုင်ငံရေးပါတီများ အမတ်လောင်းများ ကို သူတို့ရဲ့ မဲဆန္ဒနဲ့ ရွေးချယ်ခဲ့ကြတာကလည်း အားရစရာလို့ ဆိုနိုင်ပါတယ်။ တချို့အစွန်အဖျားကျတဲ့ နယ်တွေမှာ မဲဝယ်မဲရောင်းတဲ့ ပြဿနာမျိုး ရှိခဲ့ပေမယ့် ဟိုအတိတ်ကာလ တုန်းက ရွေးကောက်ပွဲများမှာလို ပြောင်ကျကျ မဲဝယ်တာမျိုး အတော်ကြီး နည်းသွားတာကိုလည်း တွေ့ရပါတယ်။

အရင်တပတ်က အာဏာရခဲ့တဲ့ ဒီမိုကရက်အစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ အဘီဆစ်က သူတို့ပါတီ ရှုံးနိမ့်ပြီး ဖုဝထိုင်းပါတီ နိုင်သွားတယ် ဆိုတာကို သိတာနဲ့ တပြိုင်နက်ထဲ အစိုးရသစ်ရဲ့ ဝန်ကြီးချုပ်လောင်းဖြစ်သူ ယဉ်လတ်ကို တယ်လီဖုန်း ဆက်ပြီး လူသိရှင်ကြား ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ တဖက်ကရှုံးလို့ နိုင်တဲ့ဖက်ကို အပုတ်ချတဲ့ အသရေဖျက်တဲ့ စကားမျိုး မပြောဆိုဘဲ ချီးကျူးဂုဏ်ပြု စကားပြောကြားတယ် ဆိုတာ အားလုံးအတွက် မင်္ဂလာရှိတဲ့ အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။ ဒါကလည်း ၂ဝ၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတယ်ဆိုတဲ့ အခြေအနေ ကြောင့် ပေါ်ပေါက်လာရတဲ့ အကျိုးဆက်လို့လည်း ဆိုနိုင်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိဘူး၊ မဲဆန္ဒရှင် ပြည်သူတွေဟာ တဖက်ဖက်ကို ကြောက်နေရတယ်၊ မဲခိုးမယ် မဲလိမ်မယ်၊ မဲဝယ်မယ် ဆိုတာမျိုးတွေ နိုင်ငံနဲ့ အဝှမ်း ဖြစ်ခဲ့တယ်ဆိုရင် ပြိုင်ဖက် နိုင်ငံရေးပါတီတွေဟာ တဦးနဲ့တဦး မခေါ်မပြောနိုင်ဘဲ ရန်လိုတဲ့ စကားများသာ ကြားရမှာ ဖြစ်ပါတယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ရွေးကောက်ပွဲဟာ လိမ်စဉ်ကြီးတခုလို ဖြစ်သွားပြီး ရွေးကောက်ပွဲ ကျင်းပတာသာ အဖတ်တင်ပါလိမ့်မယ်။ အဲတာကြောင့် နိုင်ငံသားတွေ အတွက်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး။

နောက်တချက်ကတော့ ယဉ်လတ်ဦးဆောင်တဲ့ ဖုဝထိုင်းပါတီဟာ ဘာကြောင့် အလုံးအရင်းနဲ့ နိုင်သွားတာလည်း ဆိုတာ ကို လေ့လာ့သင့်ပါတယ်။ နောက်ကြောင်းကို နည်းနည်းပြန်ပြောရရင် ဒီမိုကရက်ပါတီဟာ ဟိုတုန်းကထဲက အောက်ခြေ ပြည်သူ လူထုနဲ့ ထိတွေ့မှု နည်းပါးပါတယ်။ အထူးသဖြင့် တောနယ်လူတန်းစားတွေနဲ့ ဝေးကွာနေပြီး မြို့ပေါ် လူလတ် တန်းစား ပညာတတ်များ အကြားမှာသာ ရေပန်းစားပါတယ်။ ဖုဝထိုင်း ပါတီကတော့ ယဉ်လတ်ရဲ့အကိုဖြစ်သူ တပ်ဆင် လက်ထက်တုန်းက “ထိုင်းရပ်ထိုင်းပါတီ” အမည်နဲ့ ရပ်တည်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ဖုဝထိုင်းပါတီအဖြစ် အမည် ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် တပ်ဆင်ဝန်ကြီးချုပ်အဖြစ် အစိုးရကို ဦးဆောင်နေတဲ့ လက်ထက်တုန်းက သူတို့လည်း ခြောက်ပစ်ကင်း သဲလဲစင်အစိုးရမျိုးတော့ မဟုတ်ပါဘူး။ သို့သော်လည်း တပ်ဆင်ဟာ သူ့ရဲ့ အကျိုးစီးပွားကို ကြည့်သလို တချိန်ထဲမှာလည်း တောနယ်တွေမှာ ကုန်ထုပ်လုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်ပေးခဲ့ဘူးပါတယ်။ သက်ဆိုင်ရာ နယ်မြေဒေသတခု ချင်းစီရဲ့ မတူကွဲပြားတဲ့ ထုတ်ကုန်တွေ ဈေးကွက်မှာ သွက်သွက်ရောင်းနိုင်အောင် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

မြေသိမ်းတာတွေ ယာသိမ်းတာတွေ တောင်ဖြိုတာတွေ မလုပ်ခဲ့ပါဘူး။ အဲတာအပြင် ထိုင်းပြည်သူတွေ ကျန်းမာရေး အတွက် ဆေးရုံတခါပြ ဘတ် ၃ဝ (မြန်မာကျပ်ငွေ ၉ဝဝ ခန့်) စီမံကိန်းဟာလည်း လူကြိုက်များ ထောက်ခံခဲ့တဲ့ ကိစ္စ ဖြစ်ပါ တယ်။ အဲဒီအကျိုးဆက်ကို ညီမဖြစ်သူ ယဉ်လတ် လက်ထက်မှာ ဆက်လက်ခံစား ရတယ်လို့ ဆိုရင်လည်း မမှားပါဘူး။

နောက်ထပ်တချက်ကတော့ ရှပ်နီတွေ အတိုက်ခံဘဝက ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ အကြီးအကျယ် ဆန္ဒပြ နေတုန်း အာဏာရ ဒီမိုကရက်အစိုးရက စစ်တပ်ကို အသုံးပြုပြီး နှိမ်နင်းခဲ့ပါတယ်။ ၂ဝ၁ဝ မေလအတွင်းမှာ ဖြစ်ခဲ့တာပါ။ အဲသလို အင်အားသုံး နှိမ်နင်းတဲ့အတွက် လူပေါင်း ၉ဝ ခန့် သေဆုံးခဲ့ရပြီး လူပေါင်း ၂ဝဝဝ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ မဲအရနည်းတာ အဲဒီ အချက်ကြောင့်လည်း ပါတယ်လို့ ပြောနိုင်ပါ တယ်။ အဲတာအပြင် ၂ဝဝ၆ ခုနှစ်တုန်းက တပ်ဆင်ဦးဆောင်တဲ့ အရပ်သား အစိုးရကို စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချ လိုက်တာကို ထိုင်းနိုင်ငံသား အတော်များများက နောက်ပိုင်းမှာ လက်မခံပါဘူး။ ဆိုလိုတာကတော့ လူထုမဲဆန္ဒနဲ့ တက်လာတဲ့ အရပ်သား အစိုးရကို စစ်တပ်က အာဏာသိမ်း ဖြုတ်ချတယ်ဆိုတာ ဒီမိုကရေစီကို ထိပါးခြင်းလို့ ယူဆတဲ့ အတွက်ဖြစ်ပါတယ်။

တဖက်မှာလည်း ပြန်ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံဟာ စီးပွားရေးတိုးတက်လာပြီး မြို့ပြယဉ်ကျေးမှု တိုးမြင့်လာနေပေမယ့် ကနေ့ကာလအထိ ကျေးလက်အခြေခံ လူဦးရေက အတော်များများ ရှိနေပါသေးတယ်။ အဲတာကြောင့် ယဉ်လတ်ရဲ့ ဖုဝထိုင်းပါတီက ကျေးလက်က လူထုတွေအတွက် ကောင်းကျိုးကို ပိုလို့ဆောင်ရွက်ပေးမယ်လို့ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလတွေမှာ ကတိကဝတ်တွေ ပေးခဲ့ပါတယ်။ အခုလက်ရှိ ကာလမှာလည်း ထိုင်းနိုင်ငံမှာ ကုန်ဈေးနှုန်းတွေက မြင့်တက်လာနေပါတယ်။ ဒါကြောင့် နိုင်ငံသားအားလုံးရဲ့ သက်သာချောင်ချိမှုကိုလည်း ဦးစားပေး ဆောင်ရွက်မယ်လို့ ဖုဝထိုင်းပါတီက ကြွေးကျော်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဖုဝထိုင်းပါတီက တောင်သူလယ်သမားတွေနဲ့ ပတ်သက်လို့ ပေါ်လစီတခုကို ချမှတ်ပါတယ်။

အဲဒီပေါ်လစီကတော့ သူတို့သာ အာဏာရလာခဲ့ရင် ထိုင်းဆန် အကောင်းစား တတန်ရဲ့ တန်ဖိုးကို ဘတ်နှစ်သောင်း၊ ပုံမှန်ဆန် တတန်ရဲ့ တန်ဖိုးဆိုရင် ဘတ်တသောင်းငါးထောင် အထိ ဈေးရစေရမယ်လို့ ဖုဝထိုင်း ပါတီက အတိအလင်း အာမခံ ပြောကြား ထားခဲ့ပါတယ်။ အရင်တုန်းက လယ်သမားတွေ စိုက်ပျိုးလို့ ထွက်လာတဲ့ ဆန်စပါးတွေအပေါ်မှာ စပါးကြိတ်ခွဲတဲ့ စက်ရုံပိုင်ရှင်တွေ၊ ကုန်သည်ပွဲစားတွေက ကြားကနေ ခေါင်းပုံဖြတ်တဲ့အတွက် လယ်သမားတွေဟာ စပါးစိုက်ပျိုးခြင်းကနေ အမြတ်အစွန်း ရတယ်ဆိုပေမယ့် ရသင့် သလောက် အမြတ်ကို မရရှိခဲ့ပါဘူး။ ဒါကြောင့် ဖုဝထိုင်းပါတီက အာမခံပြီး လယ်သမားတွေအတွက် နောင်မှာ စပါးဈေး တန်ရာတန်ကြေး ရစေရမယ်လို့ အာမခံခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအချက် တွေကလည်း ဖုဝထိုင်းပါတီ မဲပိုရစေဖို့ အကြောင်း အရင်း များထဲက တချက်လို့ ဆိုနိုင်ပါတယ်။

ပြန်ချုပ်ရမယ်ဆိုရင် ထိုင်းပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုသံဟာ မြင့်မားတယ် ဆိုတာကို မြင်နိုင်သလို တိုင်းပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာ တွေကို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီဘောင်ထဲက ဖြေရှင်းလိုတယ်ဆိုတဲ့ ဆန္ဒကို ပြီးခဲ့တဲ့ ၂ဝ၁၁ ရွေးကောက်ပွဲကနေ တဆင့် မြင်နိုင်ပါတယ်။ မြန်မာပြည်မှာ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ အခုလက်ရှိ ရင်ဆိုင် နေတဲ့ ပြဿနာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်အလက် အတော်များများဟာ မတရားတဲ့ ပြဌာန်းချက်တွေ ဖြစ်နေတယ်လို့ ထောက်ပြတာတွေကိုလည်း ကြားသိနေရပါတယ်။

တဖက်မှာလည်း ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဆန္ဒမရှိတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ ရှိနေတာကိုလည်း မြင်ရပြန်ပါတယ်။ အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် သဘောထားကွဲလွဲကြလို့ ဆန္ဒပြပွဲတွေ တောင်းဆိုပွဲတွေ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် လက်ရှိ အာဏာရအစိုးရ အနေနဲ့ ဘယ်လို ဖြေရှင်းမလဲ ဆိုတာကလည်း စောင့်ကြည့်ရဦးမှာပါ။ အခုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စအဝဝ၊ ပြဿနာ အထွေထွေတွေကို အင်အားသုံး ဖြေရှင်းခြင်း မပြုဘဲ၊ ဒီမိုကရေစီ ဘောင်ထဲကနေ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြမယ်ဆိုရင် မြန်မာနိုင်ငံသားတွေ တိုးတက်ဖွံ့ဖြိုးလာဖို့ အုတ်မြစ်ကောင်း ချပေး သလို ဖြစ်လိမ့်မယ်ဆိုတာကို ပြောလိုပါကြောင်း။

(စာရေးသူသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး အုံကြွမှုအပြီး မန္တလေးမြို့မှ ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်လာပြီး ကျောင်းသားတပ်မတော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)

ဧရာဝတီ သတင်း Myanmar News

တွဲဖက်၍ မစားသင့်သော အစာများ


က
ကကတစ် နှင့် ကြာဟင်း
ကုန်းကျေး နှင့် ပုစွန်
ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး(သံပုရာသီး)
ကျွဲခေါင်းသီးနှင့် လက်ဖက်
ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
ကုန်းငှက်သား နှင့် ကြက်ဆူဆီ
ကန်စွန်းမြစ် နှင့် နှမ်းမှုန့် 
ကြာစွယ် နှင့် ဝက်သား
ကြက်ဆူဆီ နှင့် ခါသား
ကြက်ဆူသီး နှင့် ငှက်သား
ကောက်ညှင်း နှင့် ရေငန်သီး
ကတိုး နှင့် သရက်သီး
ကြံတင်လဲ နှင့် နှမ်းမှုန့် ဆုပ်
ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ်နှမ်းဆီ
ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
ကျောက်ဖရုံ နှင့် အိုးမဲ
ကြောင်လျှာသီး နှင့် ငါးသေတ္တာ
ကြောင်လျှာသီး နှင့် ကြက်သား
ကျေးသား နှင့်ဘူးသီး
ကျွဲသား နှင့် ကြာစွယ်ကြာဥ
ကြက်သွန်ဖြူ နှင့် နို့ ရည်
ကြံ့သား နှင့် ငါးခူ ငါးဒန်
ကြက်သား နှင့် အင်ဖူး
ကြက်ဟင်းခါးသီး နှင့် မှို
ကြက်ဟင်းခါးသီး နှင့် ကြက်သား
ကိုင်းဥ နှင့် ပုဇွန်ချဉ်
ကြက်ဥ နှင့် ခံသီးး
ကြက်ဥ နှင့် တမာရွက် တမာဖူး


ချင်း နှင့် သဘောင်္သီး သဘောင်္ပွင့် 
ချောကလက် နှင့် စောင်းလျား ချောကလက် နှင့် ပဲမြစ်
ချိုချဉ် နှင့် ပဲငါးပိ
ချဉ်ဆီ နှင့် ထောပတ်
ခရမ်းပိမ့် သီး နှင့် နို့ ရည်
ခရု နှင့် အမဲသား
ခိုသား နှင့် ချင်းစိမ်း
ခိုသားနှင့် ခြေလေးချောင်းသား
ခိုသား နှင့် မုန်ညင်းဆီ
ခံသီးနှင့် ငရုတ်ကောင်း
ခံသီးနှင့် နို့ ရည်
ချီးသီး နှင့် နို့ ရည်
ခံသီးနှင့် ပီလောပီနံဥ
ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
ခါးနာပျောက်ဆေး ဖီနိုင်ဗျူတာဇုန် ကိုအစာခံမရှိဘဲ မသောက်ရ၊


ဂွေးရွက် နှင် နို့ ရည်
ဂွေးသီး နှုင့် အာတာလွတ်ဥ
ဂွေးသီးနှင့် နို့ အေးချောင်း
ဂွေးသီးနှင့်ပီလောပီနံဥ
ဂျယ်လီ နှင့် ကော်ဖီ


ငရုပ်ကောင်း နှင့် ခံသီး
ငွေ နှင့် ရှိန်းခို
ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
ငါးဆီ နှင့် ပိတ်ချင်းရွက်
ငှက်ပျောသီး နှင် မှို
ငါးရံ့ သား နှင့် ပွေးသား
ငုံးသား နှင့် စောင်းလျား
ငုံးသား နင့် ခိုသား
ငှက် သား နှင့် ကြက်ဆူဆီ
ငါးပူတင်းဥများ
ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း

စတော်ဘယ်ရီ နှင့် သီးသီး
စားတော်ပဲ နှင့် သီးသီး
စိန် နှင့် သံပုရာသီး
စိမ်းစားဥ နှင့် ချောကလက်
စိမ်းစားဥ နှင့်  ရေခဲချောင်း
စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
စောင်းလျားသီး နှင့် ခိုသား
စောင်းလျားသီး နှင့် ရှောက်သီး


ဆေးခြောက် နင့် နနွင်းရည်
ဆီ နှင့် ဆီခဲစပ်တူ
ဆင်သမနွယ်ရွက် နှင့်  နို့ ရည်
ဆောင်မေခါးရွက် နှင့် နို့ ရည်
ဆိတ်ဖူး နှင့် ငှက်ပျောဖူး
ဆိတ်သား နှင့်  ကျွဲသား
ဆတ်သားနှင့်  ဆူးပန်းရွက်
ဆတ်သား နှင့် နို့ ရည်
ဆိတ်နို့ နှင့် ဆူးပန်းရွက်
ဆပ်ပြာ နှင့် အုန်းရည်
ဆပ်ပြာနှင့် အချဉ်မျိုး
ဆိတ်နို့ ဆိတ်သား နှင့် ငါးကြီးဆီ


ဇောင်းလျားသီး နှင့် ပီလောပီနံဥ
ဇာဒင်း(Zadine) နှင့် အရက်


ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး


တလည်းသီး နှင့် နို့ ရည်
တလည်းသီးနှင့် ပဲကြီး
တောပဲရိုင်း နှင့် နို့ 
တောင်ပိန္နဲ သီး နှင့် နို့ ရည်
တေဇောဘမ်းနှင့် ခါချဉ်ကောင်ကိုက်သည်ကိုမလိမ်းရ၊


ထနောင်းရွက် နှင့်  မန်ကျည်းသီးမှည့် 
ထုံး နှင့် မြင်းသား
ထန်းလျက် နှင့် နလင်ကျော်
ထန်းလျက် နှင့်  သပြေသီး
ထန်းရည်ချို နှင့်  ၀က်သား
ထန်းသီး နှင့် နို့ မျိုး ချဉ်
ထန်းလျက် နှင့် သပြေသီး
ထောပတ်နှင့်  ကြေးခွက်
ထောပတ် နှင့် ဆီခဲအမျိုးမျိုး
ထုံးရေတို့ တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း


ဒန့် သလွန်ရွက် နှင့် နို့ ရည်
ဒန့် သလွန်သီး နှင့် ကလောဥ
ဒိန်ချဉ် နှင့် ထန်းသီးမု န့် 
ဒုတ္တာ နှင့် အချဉ် မျိုး ၂
ဒူးရင်းသီး နှင့်ရှိန်းခို့ 
ဒေါင်းသား နှင့်နို့ ချဉ်
ဒေါင်းသား နှင့် ပီလောပီနံ


နလင်ကြော် နှင့် ထန်းလျက်
နလင်ကြော် နှင့် အချဉ်
နို့ ခဲပျက် နှင့်ပဲဒလက်
နို့ မျိုး နှင့် ဆား
နို့ မျိုး ချဉ် နှင့် ပီလောပီနံဥ
နို့ စိမ်း နှင့် အချဉ်မျိုး
နို့ ရည် နင့်စောင်းလျားသီး
နို့ ရည် နှင့်ကုလားပဲ
နို့အေးချောင်း နှင့် သခွားသီး
နို့ အေးချောင်း နှင့် ဘူးသီး
နှမ်းမှုန့် ဆုပ် နှင့် တလည်းသီး


ပတဲကော နှင့် သံပုရာသီး
ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
ပဲကြီး နှင့် မုန် လာ
ပဲဒလက်စေ့ နှင့်  ဆူးပန်း
ပဲလင်းမြွေသီး နှင့် လင်းမြွေသား
ပဲဒလက်စေ့ နင့် ဆိတ်သား
ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
ပိန္နဲသီးနှင့်ပျားရည်
ပီလောပီနံ နှင့် ပျားရည်
ပီလောပီနံ နှင့် ပေအူ
ပေရည် နှင့်  ငှက်သား
ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
ပျားရည် နှင့် မိုးရည်
ပျားရည် နှင့် ကင်းပိတ်ရွက်
ပျားရည် နှင့် ရှားစောင်း
ပျားရည် နှင့် ပိတ်ချင်းရွက်
ပုန်းရည် နှင့် ဗျိုင်းအောက်သား
ပြောင်းသား နှင့်နို့ ရည်
ပိုင်ရီတွန် (Piriton) နှင့်အရက်


ဖရဲသီး နှင့် နို့ မျိုး
ဖရဲသီး နှင့် ဘဲဥ
ဖရုံ သီးနှင့် နို့မျိုး
ဖားသားနှင့်မှို
ဖွတ်သား နှင့် ကြက်ဆူဆီ
ဖောင်စီးဂဏန်း နှင့်မှို
ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
ဖန်ခါးသီး နှင့် ပီလောပီနံဥ


ဗုံလုံသီး နှင့် ပီလောပီနံ
ဗျိုင်းသား နှင့်ဝက်ဆီ
ဗျိုင်းအောက်သား နှင့် ဝက်ဆီ
ဗျိုင်းနှမ်းနှင် သေရည်


ရေငန်သီး နှင့် လက်ဖက်
ရှားစောင်းချဉ် နှင့် အမဲသား
ရှားစောင်း နှင့် ကုလားဗရာကြော်
ရှောက်သီး နှင့် စောင်းလျားသီး
ရှောက်သီး နှင့် ပီလောပီနံေ
ရှောက်သီး နှင့် ပဲစိမ်းစားဥ
ရှောက်သီး နှင့် ခိုသား
ရှောက်သီး နှင့် နို့ရည်


လိမ်းဆေးပရုတ်ဆီ နှင့်ကရင်နီကောင်ကိုက်သည့် နေရာကို မလိမ်းပါနှင့် 


ဝက်သားချဉ် နှင့် မဲနယ်အိုး
ဝက်သား နှင့် ဒိန်ချဉ်
ဝက်သား နှင့် နွားနို့ 
ဝမ်းဘဲဥ နှင့် ဖရဲသီး
ဝမ်းဘဲဥ နှင့် ပေသီးပေရည်
ဝါစေ့/၀ါဆီ နှင့် သမင်သား
ဝါးမျှစ် နှင့် အင်ဥ


သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
သမုန်းရွက် နှင့် ငါးချက်သောအိုး
သကြားပြာ နှင့် ပျားရည်
သမင်သား နှင့် ၀ါရွက်
သပြေသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် နို့ ရည်
သံပရာသီး နှင့် စိမ်းစားဥ
သားငါးအဆီ နှင့် ထောပတ်
သားငါးတို၏အဆီ နှင့် ချဉ်ဆီ
သားမျိုးဟင်း နှင့် နှမ်းမှုန့် 
သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
သေရည်သေရက် နှင့် နှမ်းမှုန့် ဆုပ်
သေရက်မျိုး နှင့် ပိတ်ချင်းရွက်
သေရည် နှင့် ဗျိုင်းအောက်သား
အမဲသား + ခရု = သေ
ဂွေးသီး + အာတာလွတ် = သေ
နို့ဆီ + ကိုးပါးဆေး = သေ
တညင်းသီး + ရှိန်းခို = သေ
အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ
ကိုင်းဥ + ပုစွန်ချဉ် = သေ
နွားနို့ + အချဉ်အမျိုးအမျိုး = သေ
သိုးသား + စောင်းလျားသီး = သေ
ကျွှဲခေါင်းသီး + သံပုရာသီး = သေ
နွားနို့ + မှို = သေ
မှို + ဖားသား = သေ
မှို + လယ်ကဏန်း = သေ
ဝက်သား + ထန်းရည်ချို =သေ
ဝက်သား + ဗျိုင်းသား = သေ
ဝက်သား + ကြာရိုးကြာစွယ် =သေ
ပျားရည် + သြဇာသီး =သေ
ပျားရည် + အုန်းသီး =သေ
ပျားရည် + ဥသျှစ်သီး =သေ
ခိုသား + ချင်း =သေ
ခိုသား + ဖရုံသီး =သေ
ကြောင်လျှာသီး + ငါးသေတ္တာ =သေ
ကြောင်လျှာသီး + ပဲဒလက် =သေ
ကြောင်လျှာသီး + စပါးကြီးမြွေ =သေ
ပီလောပီနံ + ပဲကြားလှော် =သေ
ပီလောပီနံ + မျှစ်ချဉ် =သေ
ပီလောပီနံ + ဒေါင်းသား =သေ
ပီလောပီနံ + အချဉ်အမျိုးမျိုး =သေ
နို့အေးချောင်း + ဂွေးသီး = သေ
ချောကလက် + စောင်းလျားသီး =သေ
ချောကလက် + ပဲမြစ် =သေ
ရှောက်သီး + နွားနို့၊ နို့ရည် =သေ
ထန်းလျက် + နလင်ကျော် =သေ
ထန်းလျက် + ၂၇ ပါးဆေး =သေ
ကျွဲကောသီးး + သံပုရာသီး =သေ
သပြေသီး + ထန်းလျက် =သေ
ငှက်ပျောသီး + ထန်းသီး =သေ



ဘူးသီး နှင့်ကြက်တူရွေးသား
ဘာစပရိုဆေးပြား နှင့် သံပရာသီး
ဘာမီတွန်ဆေးပြား နှင့်ထန်းလျက်ခဲ
ဘာမီတွန် နှင့် တစ်ဖီအစိမ်းရောင် ကတ်
ဘီလုံးငှက် သား နှင့်ကြက်ဆူဆီ
ဘာစပရိုဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊


မဲနယ်အိုး နှင့် သားငါး
မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
မိချောင်းသား နှင့်နနွင်း
မန်ကျည်းသီး နှင့်နို ရည်
မင်းကွတ်သီး နှင့် သကြား
မတ်ပဲ နှင့် တင်လဲ
မတ်ပဲ နှင့် မုန်လာ
မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
မုန်လာမြစ် နှုင့် ပျားရည်
မုန်လာ နှုင့် မတ်ပဲ
မှို နှင့် ရှားစောင်း
မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
မြေဇာဥ နှင့် သစ်ကြားသီး
မျောက်တည်သီး နှင့် နို့ရည်
မြွေသား နှင့် ငါးရံသား
မြန်မာလျက်ဆား နှင့်  သွားတိုက်ဆေး
မြင်းခွာရွက် နှင့် သခွားသီး
မက်ထရိုနီဒါဇော(meronidazole)နှင့် အရက်


ယုန်သား နှင့်မှို
ယင်နားစားများကို မစားပါနှင့်


ရာဘာချဉ် နှင့် ဆိတ်သား
ရှာလကာချဉ် နှင့် ပီလောပီနံ
ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
ရေခဲသုပ် နှင့် ချင်းသုပ်

သေရည်သေရက် နှင့် နို့ အမျိုး၂
သစ်ကြားသီး နှင့် ဝက်မြေဇာဥ
သည်းခြေ နှင့် သားဟင်းမျိုး


ဟင်းငန်ရွက် နှင့် နှမ်းဖတ်
ဟစ်တမင်း (histamine) နှင့် အရက်


အင်ဥ နှင့်  ပြောင်းဆန်
အမဲသားချဉ် နှင့် မဲနယ်အိုး
အရက် နှင့် ဘိန်း
အရက် နှင့် ဘာမိတွန်
အချဉ်မျိုး နှင့် နို့ မျိုး
အိမ်ဆီးချို နှင့် နို့ရည်
အုန်းသီး နှင့်နိုရည်
အုန်းရည် နှင့် ပျားရည်
အုံတုံဆံ နှင့် ကလောဥ



ဥသျှစ်သီး နှင့် ပျားရည်
ဥဒေါင်းသား နှင့် ကြက်ဆူဆီ
ဥမျိုး နှင့် ကြက်ဆူဆီ
ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
သြဇာသီး နှင့် ပျားရည်

တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ

ချင်း + သဘောင်္သီး = သေ
ကြက်ဆူသီး + ငှက်သား = သေ
မင်းကွတ်သီး + သကြား = သေ မှို + တညင်းသီး = သေ
မိုင်လို + ပဲမြစ် = သေ
ရေခဲမုန့် + ချင်းသုပ် = သေ
ကျေးသား + ဘူးသီး = သေ
မှို + ယုန်သား = သေ
လက်ဖက် + ကျွဲခေါင်းသီး = သေ

Royal Hero Media

၂ဝ၁၂ ခုနှစ် အကယ်ဒမီ ဆုပေးပွဲအား ဒီဇင်ဘာ ၂၉ရက်တွင် ကျင်းပမည်


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ပထမဆုံး တာဝန်ယူ ကျင်းပမည့် ၂ဝ၁၂ခုနှစ် ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံ အားကစား ခန်းမ၌ ကျင်းပသွား မည် ဖြစ်သည်။

ပထမအဆင့် ရွေးချယ်ပြီးစီး ချိန်တွင် ဇာတ်ကား ၁၇ကားနှင့် ဒုတိယအဆင့် ရွေးချယ်ပြီးစီး ချိန်တွင် ခုနစ်ကား ရွေးချယ် ထားကြောင်း သိရသည်။ ရွေးချယ်ခဲ့သည့် ဇာတ်ကားများမှာ လက်ပံ၊ မော်ကင်းဥဒါန်း၊ ဥ၊ ကယန်း အလှ၊ တိမ်မင်း သမီးရဲ့ဒဏ္ဍာရီ၊ အမုန်းမီးတောက်နှင့် အမွေခံထိုက်သူ ဖြစ်ပါစေဇာတ် ကားများ ဖြစ်သည်။

ယင်းဇာတ်ကား များအား စိစစ် အကဲဖြတ်ရေး အဖွဲ့မှ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အေသူ

ကမ္ဘာ့အလှဆုံးအယောက်၁ဝဝ စာရင်းမှာ ရွေးချယ်ခံရတဲ့ ခင်ဝင့်ဝါ


ခင်ဝင့်ဝါအနေနဲ့ သူ့ရဲ့ တတိယ မြောက်ကြော်ငြာဖြစ်တဲ့ ဟက်နီးလ် ခေါင်းလျှော်ရည်ကြော်ငြာကို ဒါရိုက် တာအောင်ကိုလတ်၊ ဓာတ်ပုံမိုးမင်း(Ray) တို့နဲ့အတူ ရိုက်ကူးခဲ့ ပါတယ်။

ခင်ဝင့်ဝါ အနေနဲ့ ပထမ ကြော်ငြာအဖြစ် ဆေး ကြော်ငြာ၊ ဒုတိယကြော်ငြာ အဖြစ် အင်္ကျီ ကြော်ငြာတွေကို ရိုက်ကူးခဲ့ပြီးလည်း ဖြစ်ပါ တယ်။ ကြော်ငြာ အပြင် သရုပ် ဆောင်ပိုင်းမှာလည်း ဒါရိုက်တာ ကြည် ဖြူသျှင်နဲ့ ‘နတ်သမီးနဲ့ကျွန်တော်’ ဇာတ် ကားကို ကောင်းပြည့်နဲ့ အတူ ရိုက်ကူး ထားပါတယ်။ ဒုတိယ ဇာတ်ကားကိုတော့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ ရိုက်ကူးမှာ ဖြစ်ပြီးမင်းသားကတော့ နေမင်းလို့ ပြော ပါ တယ်။Miss တစ်ယောက်အသွင်နဲ့ အနုပညာလောကထဲ စတင်ဝင်ရောက် လာခဲ့ပြီး ကြော်ငြာသရုပ်ဆောင်ဘက်ကိုပါ စိတ် နှစ်ပြီးဝင်လာတဲ့

ခင်ဝင့်ဝါကို ကြော်ငြာရိုက်ကွင်း ခဏနားချိန် ဒါရိုက်တာအောင်ကို လတ်နဲ့ရိုက် ကူးရတဲ့အတွေ့အကြုံ ဖီလင်ကိုေ မးကြည့်တော့

“ဒါရိုက်တာ အောင်ကိုလတ်က တအား တော်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ အဲဒီလို တော်တဲ့ ဒါရိုက်တာနဲ့ ရိုက်ရတာ တအား ဂုဏ်ယူပါ တယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ပြီးတော့ စေတနာ ပါပါနဲ့ အကုန်သင်ပေးတယ်။ ဒီတော့ကာ အား လုံး အဆင်ပြေပါတယ်။ ဓာတ်ပုံ ကိုမိုးမင်း(Ray) ကလည်း အကုန်သင်ပေးတယ်။ သူနဲ့ က အမြဲတမ်းလိုလိုရိုက် ဖြစ် တော့ အခုကြော်ငြာမှာ လည်း အဆင်ပြေ ပါတယ်” လို့ ပြောပါ တယ်။ခင်ဝင့်ဝါက The Ideal Beauty ဝက်ဘ်ဆိုက်က ရွေးချယ်တဲ့ ကမ္ဘာ့ အချောလှဆုံး အလှမယ်အ ယောက် ၁ဝဝ စာရင်းမှာပါ ဝင် ကြောင်း သိရပါ တယ်။ခင်ဝင့်ဝါ က “အလှမယ်၁ဝဝ ထဲ မှာပါဝင်တဲ့ အတွက် တအားဝမ်းသာပါတယ်။ အခုလို အ ယောက် ၅ဝဝ ကျော် ထဲကနေ ၁ဝဝကိုရွေးချယ် လိုက် တဲ့ အထဲမှာပါတဲ့ အ တွက် တအားပျော်ပါ တယ်” လို့ ပြောပါ တယ်။

Mဘွယ်
ဓာတ်ပုံ- မင်းမင်းထွန်း
Popular Myanmar News Journal

Mobile Guide Issue Vol-2 ၊ Issue-32 (9.12.13)

Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (32)ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 9 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

မြန်မာစာ 100% မှန်တဲ့ Viber 4.0.2.30 (Portable Version)

Viber ကို Install လုပ်တာ အဆင်မပြေကြဘူးဆိုလို့ Viber 4.0.2.30 Portable နောက်ဆုံး Update Version လေးကို တင်ပေးလိုက်ပါတယ်... Portable ဆိုတော့ ပိုအဆင်ပြေစေမှာပါ.. USB Stick ထဲထည့်ပြီး သယ်ယူသွားနိုင်သလို စက်ထဲလည်း Install လုပ်စရာမလိုပါဘူး ... Portable.exe လေးကို Run ပေးရင် သုံးလို့ အဆင်ပြေပါပြီ... (Install လုပ်ရာမှာ Internet ကွန်တက်ရှင် မလိုပါဘူး) ကိုယ်တိုင် စမ်းသပ်ပြီးမှတင်ပေးလိုက်တာပါ...။
မြန်မာစာအတွက်တော့ ဒီပို့စ် http://www.winkabarkyaw.net/2013/10/viber-pc.html  ထဲကအတိုင်း Font ကို Install လုပ်ပါ .. Font သွင်းပြီးလို့ Browser တွေမှာ မြန်မာစာ ပြဿနာရှိခဲ့ရင် ဒီပို့စ် http://www.winkabarkyaw.net/.../viber-pc-firefox-browser   ထဲကအတိုင်း လုပ်ပေးပါ... ပြီးတော့ Viber မှာ ပြန်ကြည့်လိုက်ပါ အဆင်ပြေစေမှာပါ....
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

ဖုန်း Screen ကို Video ရိုက်ပေးမယ့် Screen Video Recoder ( for Android )

image


မိမိဖုန်းထဲမှာမိမိဘာဘဲလုပ်လုပ်မှတ်တမ်း Video
အဖြစ်နဲ့ပြန်ပီးကြည့်ခြင်တဲ့မိတ်ဆွေများအတွက်
Screen Video Recoder လေးကိုတင်ပေးလိုက်
ပါတယ်ခင်ဗျာ. တကယ်လန်းတဲ့ကောင်လေးပါ..
အောက်မှာဒေါင်းပီးသုံးကြည့်နိုင်ပါတယ်နော်.


DOWNLOAD
LINK (2) 


LINE 3.9.4 For Android

 
 Android ဖုန်းကိုင်တဲ့သူငယ်ချင်းတို့အတွက် December 3, 2013 ကထုတ်တဲ့ LINE ရဲ့နောက်ဆုံးထွက်ဗားရှင်း 3.9.4 ကိုတင်ပေးလိုက်ပါတယ်၊ဒီ app နဲ့ message၊ phone ကိုကြိုက်သလောက် အကန့်အသတ်မရှိ ခေါ်နိုင် ပို့နိုင်ပါတယ်၊ဝန်ဆောင်မှုကလုံးဝ free ဖြစ်ပြီး မှတ်တမ်းအရ နိုင်ငံပေါင်း ၂၃၁ မှာ ဒီ app ကိုအသုံးပြုသူ လူသန်းပေါင်း ၃၀၀ ကျော်ပါတယ်၊Android Version 2.1 နှင့်အထက်မှာ ဒီ app ကိုအသုံးပြုနိုင်ပါတယ်၊ဒီ app နဲ့ဘာတွေလုပ်နိုင်သေးလဲဆိုတာကိုအောက်မှာဖတ်နိုင်ပါတယ်၊အားလုံးအဆင်ပြေပါစေ။
Download >> Link 1 / Link 2

Pattern Unlock tool (Beta) for Root android devices


Android ဖုန်းတွေ pattern, pin, password ကျသွားရင် command နဲ့ ရိုက်ဖြုတ်နေရလို့

အဆင်ပြေအောင် one click လေးလုပ်မယ်ကြံတော့ database file တွေကို

လိုက်ပြီး ကြည့်ရတာ မူးနေတာပဲ ဖုန်းတစ်လုံးနဲ့ တစ်လုံးကလဲမတူ တော်တော်တိုင်ပတ်သွားတယ်

Ko Ning Lynn ရဲ့ SH နှစ်ခုကိုကြည့်လိုက်တော့ မှ ရှာစရာမလိုတော့ဘူးဗျာ အဲဒါနဲ့ အရံသင့် ပဲယူသုံး

လိုက်ပါတော့တယ်။

Ko Ning Lynn ကို Credit ပေးပါတယ်ခင်ဗျား။ ။
ဒီ tool လေးက ခက်ခက်ခဲခဲ သုံးစရာတော့ ဘာမှမရှိပါဘူး ဖုန်းက root access ရှိရမယ် Debugging on
ထားရမယ်။ ဖုန်းကို ကွန်ပြူတာနဲ့ ချိပ်ပြီး Check Device နှိပ်လိုက်ရင် ရပြီ ကိုယ့်ဖုန်းက root access ရှိ
ရဲ့သားနဲ့ (Yes) or (No) မေးလာရင် Yes ကိုနှိပ်လိုက်ပါ။ 
Delete pattern ကိုနှိပ်လိုက်လို့ 100% ရောက်ပြီး Thanks you ပေါ်လာရင် reboot ကျတဲ့ 
အထိ စောင့်ပါ။
 
 
ဖုန်းနဲ့ ပတ်သက်တဲ့ update တွေဖတ်ချင်ရင် ဒီနေရာမှာ Like လုပ်နိုင်ပါတယ်ခင်ဗျား။
အဓိပတိ
 

TeraCopy Pro 2.3 Final ML+Key (2.54 Mb)


ဖိုင်တွေကို Copy လုပ်တဲ့အခါ။ဒါမှမဟုတ် Move လုပ်တဲ့အခါ အရမ်းကြာတယ်ဆိုရင် ဒီဆော့ဝဲလေးကို
သုံးကြည့်ပါ။Copy and Move လုပ်တာ တကယ်မြန်ပါတယ်။
တချို့ စက်တွေမှာ System ပိုင်းဆိုင်ရာ Performance တခုခုကြောင့် Windows Explorer က အလုပ်လုပ်တာအရမ်းကြာတတ်ပါတယ်။ဖိုင်တွေ ကော်ပီကူးရင်၊ပြောင်ရွှေ့ရင်လဲ လိုတာထက် ပိုကြာတတ်ပါတယ်။

အဲလိုဖြစ်နေရင် TeraCopy  ကိုသုံးကြည့်ပါ။အဆင်ပြေပါလိမ့်မယ်။
RAR Extract Password - www.linthit.com
အင်စစတောလုပ်နည်း...
-Setup ကို အင်စတောလုပ်ပြီး ပေးထားတဲ့ကီးကို ထည့်ပါ။(Key ကတခုထဲပါ။အလုံးရေ အတော်များပါ
 တယ်။အားလုံးကို copy ယူပြီးထည့်ရမှာ ဖြစ်ပါတယ်။)
Windows XP/Vista/7/8

                    Download

credit...linthit.com

အဆင်ပြေပါစေ...

Advanced Download Manager Pro v3.2.1(For Android) (1.16 Mb)


ဖုန်းနဲ့ အင်တာနက်ကနေ လိုချင်တဲ့ ဗီဒီယို၊သီချင်း၊Apps အားလုံးကို ဒေါင်းလုပ်ယူနိုင်တဲ့ Android
ဖုန်းအတွက် Advanced Download Manager Apps လေးဖြစ်ပါတယ်။IDM လိုဘဲ Speed မြန်မြန်
ဆန်ဆန်နဲ့ ဒေါင်းလုပ်ပေးနိုင်ပါတယ်။

လိုချင်ရင်အောက်မှာဒေါင်းလုပ်ယူလိုက်ပါ။Android 2.0 နဲ့အထက် အသုံးပြုနိုင်ပါတယ်။

ADM pro 321 .apk                  Download  

The Cleaner 9.0.0.1123 Datecode 04.12.2013+Crack (349 Mb)

ဒီဆော့ဝဲလေးကိုတော့ သိတဲ့သူ၊သုံဘူးတဲ့သူ အတော်နဲမယ်လို့ ထင်ပါတယ်။ဘာလို့လဲဆှိုတော့
ဒီဆော့ဝဲက ရှာလို့မလွယ်သလို ဒေါင်းလုပ်ယူဘို့လဲ ခက်ခဲတဲ့ ဆော့ဝဲလေးတခု ဖြစ်နေလို့ပါ။
Malwares နဲ့ Viruses မှန်သမျှကို Hard Disk,Memory(RAM) တို့မှ ရှာဖွေရှင်းလင်းကေးတဲ့
Antivirus ဆော့ဝဲ တခု ဖြစ်ပါတယ်။

အခြား Antivirus ဆော့ဝဲကြီးတွေ ကွန်ပြူတာကို ကောင်းကောင်း Protect လုပ်ပေးနိုင်သလို လိုင်စင်
ကီး သက်တမ်းကုန်မှာလဲ မကူရတဲ့ ဆော့ဝဲ တခုပါ။
ဘယ်Antivirus ဆော့ဝဲနဲ့မှ ထုတ်လို့ မရတဲ့ ဗိုင်းရပ်အားလုံး ဒီဆော့ဝဲက ရှင်းပေးနိုင်ပါတယ်။သုံးကြည့်
ချင်ရင် အောက်မှာ ဒေါင်းလုပ်ယူပါ။
Extract Password - www.linthit.com
အင်စတောလုပ်နည်း...
-Setup ကို အင်စတောလုပ်ပါ။
-ဆော့ဝဲကို မဖွင့်ပါနဲ့။
-Crack ဖိုင်ကို C:\Program Files\The Cleaner မှာ copy လုပ်ပါ။
Windows XP/Vista/7/8

                     Download

credit.... linthit.com

အဆင်ပြေပါစေဗျာ...

PhotoLine v18.01 Multilingual with Key (20.6 Mb)


Photo Editor and Photo Converter ဆော့ဝဲလေး တခုပါ။ဓါတ်ပုံတွေကို တည်းဖြတ်ပြုပြင်နိုင်သလို
Images များကို GIF,JPFG 2000,HD,swf...Formats များအဖြစ် Convert လုပ်နိုင်ပါတယ်။
ဖိုင်ဆိုဒ် သေးငယ်ပြီး လွယ်ကူတဲ့အတွက် ဓါတ်ပုံတည်းဖြတ်ပညာကို လေ့လာနေတဲ့ ဝါသနာရှင်များ
အစဦးဆုံး အခြေခံ ဆော့ဝဲလေးအဖြစ် အသုံးပြုသင့်တဲ့ ဆော့ဝဲတခုပါ။

RAR Extract Password -www.linthit.com
အင်စတော လုပ်နည်း...
-Setup ကို အင်စတောလုပ်ပါ။
-ပြီးရင်ဆော့ဝဲကို ဖွင့်ပြီး ပေးထားတဲ့ ကီးဖြင့် Register လုပ်ပါ။
Windows XP/Vista/7

                         Download

credit  ...linthit.com

ဝင်ငွေအကောင်းဆုံး (၅) နှစ်အရွယ်ပန်းချီဆရာမလေး



သြစတြေးလျနိုင်ငံ Melbourne မြို့က အသက်(၅)နှစ်အရွယ် Aelita Andre လို့ ခေါ်တဲ့ ပန်းချီဆရာမလေးဟာ အသက်သာ ငယ်ပေမယ့် သူမ၏ ပန်းချီကားများ ရောင်းရတဲ့ဝင်ငွေဟာ စတာလင်ပေါင် တစ်သိန်းနဲ့ အထက်မှာရှိတဲ့အတွက် တကယ့်တန်းဝင် ပန်းချီဆရာမကြီး တစ်ဦးနှယ် ဖြစ်လာပြီ
လို့ သိရပါတယ်။သူမဟာ နှစ်နှစ်အရွယ်ကတည်းက ပန်းချီစတင်ဆွဲခဲ့ကာ သူမ၏ ပန်းချီကားဟာ တစ်ကားလျှင် အနည်းဆုံး စတာလင်ပေါင်(၃)ထောင် ဈေးရှိတယ်လို့ သိရပါတယ်။
သူမရဲ့ ပန်းချီကား စုစုပေါင်း ရောင်းချရပြီးသော ဝင်ငွေဟာ စတာလင်ပေါင် တစ်သိန်းနှင့် အထက်မှာ ရှိတဲ့အတွက် အခြားအများ စုသောတကယ့် ပန်းချီဆရာ ၊ ဆရာမများ၏ တသက်လုံး ပန်းချီရောင်းချလို့ ရတဲ့ဝင်ငွေထက် ပိုများနေပြီဖြစ်ကြောင်းလည်း သိရသည်။ထိုကဲ့သို့သော သူမ၏ ပန်းချီကားများမှ ဝင်ငွေများရလာခြင်းမှာ ရုရှားနိုင်ငံဖွား မိခင်နှင့် သြစတြေးလျ နိုင်ငံဖွား ဖခင်တို့၏ သူမအပေါ် ယုံကြည်ချက်ဖြင့် မြေတောင်မြှောက်ပေးမှုတို့ကြောင့် ဖြစ်ကြောင်းလည်း သိရသည်။
သူမရဲ့ မိခင်က Aelita ရဲ့ ဆေးရေးခြယ်တဲ့ ပုံစံဟာ တခြားကလေးများ ပုံဆွဲတမ်း ကစားသလိုမျိုးမဟုတ်တာကို စတင်သတိထားမိခဲ့တာလို့ သိရပါတယ်။

Myawady News

ဘောင်းဘီအကြပ် အ၀တ်များက အောက်ပိုင်းသေနိုင်


ချက်ချင်းတော့ မသေပါဘူး။ အချိန်ကာလ တစ်ခုအထိပါ။ ဂျင်း ဘောင်းဘီအကြပ်များက အောက်ပါ သွေးလမ်းကြောင်း စီးဆင်းမှုကို နှေးကွေး စေပါတယ်။ ကြွက်သားကိုပါ ညစ်ထားပြီး သွေးပေါင်ချိန် အတက် အကြ များစေပါတယ်။

၂၄ နာရီ ဝတ်ထားတာမျိုး မလုပ်ရဘူးလို့ ဆရာဝန်များက လမ်းညွန် ထားပါတယ်။ နေ့စဉ် ဂျင်းဘောင်းဘီ အကြပ်၊ စကင်နီတို့ ဝတ်ဆင် ခြင်းက ခါးအောက်ပိုင်း ကျန်းမာရေးကို ထိခိုက် စေပါတယ်။ အရွယ်ငယ်တုန်း သိသာမှု မရှိပေမယ့် အသက် ၄၀ နောင်းပိုင်းမှာ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း၊ အသား နာကျင် ကိုက်ခဲခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ နောက်ဆုံး အဆင့်ကတော့ ခါးအောက်ပိုင်း သေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဂျင်းဘောင်းဘီ အကပ်များ၊ စကင်နီများ၊ ခါးအောက်ပိုင်း ခန္ဓာကိုယ်ကို ချုပ်တည်းစေသော အဝတ်အစား များ ဝတ်ဆင်မှုကို နေ့စဉ် ပြုလုပ်ရန် မသင့်ပါဟု တိုက်တွန်းထားကြောင်း သိရပါတယ်။

Myawady News

လက်ဖက်ရည် ကြမ်းနဲ့ ကော်ဖီ သောက်သုံးမှုက လေသင်တုန်း ဖြတ်မှုကို လျှော့


လက်ဖက် ရည်ကြမ်းနဲ့ ကော်ဖီသောက် သုံးခြင်း တို့ဟာ လေသင် တုန်းဖြတ်မယ့် အန္တရာယ်ကို လျှော့ချပေးနိုင်ပြီး အထူးသဖြင့် ၎င်းတို့ကို ပုံမှန်သောက် သုံးပါက ပိုမို ထိရောက်မှု ရှိကြောင်း မတ်လ (၁၄) ရက် ကြာသ ပတေးနေ့က ထုတ်ဝေတဲ့ အမေရိကန် နှလုံးရောဂါ အသင်းရဲ့ စထရိုးခ် (Stroke) ဂျာနယ်မှာ ဖော်ပြ ထားကြောင်း ဆင်ဟွာ သတင်းက ဆိုပါတယ်။

အဆိုပါ တွေ့ရှိချက်ဟာ လက်ဖက်ရည်ကြမ်းနဲ့ ကော်ဖီတို့က လေသင်တုန်းဖြတ်မှုအပေါ် လျှော့ချပေးနိုင်တဲ့ ပေါင်းစပ် အကျိုးသက်ရောက်မှုကို ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် သုတေ သနပြုခဲ့ရာမှ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ဂျပန် အမျိုးသားဆိုင်ရာ ဦးနှောက်နဲ့ နှလုံးသားစင်တာမှ သုတေသနခေါင်းဆောင် “ရိုရှီဟီရိုကိုကူဘို” က ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ သုတေသီများက အရွယ်ရောက်ပြီးဖြစ်တဲ့ ဂျပန်လူမျိုးပေါင်း (၈၃၂၆၉) ယောက်ရဲ့ လက်ဖက်ရည်ကြမ်းနဲ့ ကော်ဖီသောက်သုံးတဲ့ သူတို့ရဲ့ အလေ့အထကို နှစ်ပေါင်း (၁၃) နှစ်ကြာ လေ့လာခဲ့ရာမှ သိရှိရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရတနာပုံ
Myawady News

06B MADI မုန်တိုင်း မြန်မာနိုင်ငံကို ၀င်မ၀င်ဆိုတာနဲ့ ပတ်သက်လို့- Cyclone News Update


9-12-2013
10:49 am

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း 06B MADI ဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာကာCategory I အဆင့်ရှိ မုန်တိုငးဖြစ်လာခဲ့ပေမယ့် MADI ရဲ့ ရှေ့ဆက်ရမယ့်ခရီးကတော့ မချောမွေ့နှိုင်ဘူး လို့ ခန့်မှန်းရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရှိရာဖက်ကိုလာဖို့ကိစ္စမှာ အာရှတိုက်အလယ်ပိုင်းမှာ ရာသီအလိုက် ဖြစ်ပေါ်နေတဲ့ လေဖိအားများရပ်ဝန်းကြီးက တားဆီးထားတဲ့ဖြစ်စဉ်(Blocking High)ဖြစ်နေတာကြောင့် မြန်မာပြည်ကို ၀င်ဖို့ကတော့ မဖြစ်နှိုင်လောက်အောင်ပါဘဲ။

အထူးသဖြင့် (၁၀-၁၂-၂၀၁၃)ရက်မနက်ပိုင်းမှာ အေးပြီးခြောက်သွေ့တဲ့လေတွေ တိုးဝင်လာမှု ကြောင့် မုန်တိုင်းဟာ အင်အားရော၊ သွားရာလမ်းကြောင်းရော စတင်ပြောင်းလဲသွားပါလိမ့်မယ်။

ပိုဆိုးတာကတော့ ကမ္ဘာကျော် မုန်တိုင်းခန့်မှန်းရေးဗဟိုဌာနတွေဖြစ်ကြတဲ့ JTWC(USA), IMD(India), Weather Underground(USA) အားလုံးတို့မှ ထုတ်ပြန်တဲ့ခန့်မှန်းချက်တွေမှာ MADI ဟာ အရှေ့မြောက်ဖက်ကို မလာနှိုင်တဲ့အပြင် ဆန့်ကျင်ဖက်အရပ်ဖြစ်တဲ့ အနောက်တောင်ဖက်ကို Back Gear ပြန် ထိုးပြီး နောက်ပြန်ရွေ့သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင်

Popular Myanmar News Journal

စင်္ကာပူအဓိကရုဏ်းနဲ့ မြန်မာတို့ရဲ့ အမြင်များ

မြန်မာပြည်သား အများအပြား နေထိုင်ရာ စင်ကာပူမှာ တနင်္ဂနွေနေ့က အဓိကရုဏ်းတခု ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပါတယ်။


(အဓိကရုဏ်းဓာတ်ပုံတွေကို ဂူဂလ်မှာ ရှာဖွေရှာမှာ အထက်ပါအတိုင်း တွေ့ရပါတယ်)

မြန်မာပြည်သားတွေကတော့ အဓိကရုဏ်းထဲ မပါပါဘူး။ သို့သော်လည်း ကိုယ်နေထိုင်ရာဒေသဖြစ်တဲ့အတွက် စိတ်ဝင်တစား ဆွေးနွေးနေကြ၊ မှတ်ချက်ပေးကြတာကို အွန်လိုင်းမှာ တွေ့နေရပါပြီ။

သူတို့အမြင်များထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စင်ကာပူမှာ ခုလေးတင် မကြုံစဖူး နိုင်ငံခြားသားလုပ်သားများနေထိုင်စုဝေးရာ ရပ်ကွက်မှာ အဓိကရုဏ်းဖြစ်ပြီး ရဲကားကိုပက်လက်လှန်မီးရှို့ပစ်ကြပါတယ် ။နိုင်ငံသားတွေတောင်သည်လို တခါမှ အာမခံရဲပါဘူး ။ သိုသော်ရဲများသည်အခုထိ လူစုကွဲအောင်ြ့ခိမ်းခြောက် သေနတ်ပစ်ခြင်း မျက်ရည်ယိုဗု့းခွဲခြင်းများမပြုပဲ ပြည်သူတွေကို အဝေးရှောာင်ရှားဖို့သာ အမိန့်ပေးနေပါတယ်။ မဆိုင်သူလုံးဝမနစ်နာရအောင်ကိုင်တွယ်နေတာ သိသာလို့ ချီးကျူးရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 အိန္ဒိယ တွေ လား ???? အိ သတင်း ရန်ကုန် ရောက်ရင် ဘင်္ဂါလီ တွေ
လို့  ပြောင်း သွား လိမ့် မယ်... ဒါ မှ မဟုတ် ကုလား တွေ လို့  ရော ပြော လိမ့် မယ်...းPးDး)...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စငိကာပူ စွမ်းအားရှင်အဖွဲ့မရှိတာနာတာပဲ လို့ စင်ကာပူစစ်တပ်ကပြောနေတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အန္ဒိယလူမျိုးဆိုတာနဲ့  မူဆလင်လို့ ထင်ပလိုက်တာမျိုး ဘင်ဂါလီခေါ်တောလို့  သတ်မှတ်ပလိုက်တာမျိုး ဗဟုသုတ မနည်းသင့် ပေ... အန္ဒိယလူမျိုးများသည် ဟင်ဒီများဖြစ်ကြပါသည်။

လူမျိုးနံမည်၊ ထဲ့ပုတ်ခတ်မရေးသင့်ပါ၊ Singapore နေ FB သုံးစွဲသူ မြန်မာနိုင်ငံသား/လူမျိုးတိုင်း ဆင်ခြင်သုံးစွဲပါမှ မြန်မာပြည်တွင်းနေ ပြည်သူများနှင်း တစ်ခြား ကမ္ဘာအနံ့နေ မြန်မာပြည်သူများမှ အမှန်ကိုဆင်ခြင်နိုင်ကြပါလိမ့်မည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Little india မှာ ဖြစ်တဲ့ကိစ္စက မအေးလောက်ဘူးဗျို့...
မြန်မာတွေမပါပေမယ့်... စလုံးတွေရဲ့ နိုင်ငံခြားသားဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပိုမြင့်လာမှာ သေချာတယ်။
သူတို့ အစိုးရကိုလည်း ဖိအားပေးမှာ အသေအချာပဲ
ဒီတော့ စလုံးအစိုးရကလည်း နိုင်ငံခြားသားလုပ်သားတွေအပေါ် ပိုလို့ပိုလို့ တင်းကြပ်လာတော့မယ်
ခုတောင် နေရစားရ လုပ်ရကိုင်ရတာ တော်တော်ကြပ်နေတာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 စလုံးအစိုးရက ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပါလိမ့်မယ်။မြန်မာတွေကို အနည်းအကျဉ်းအဖျားခတ်မယ်ဆိုပေမယ့် india နဲ့ bangla ဦးရေကို အဓိကလျှော့ချသွားမယ်ထင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Bangla မဟုတ် ပါဘူး india ကုလား ပါ ထစ်ခနဲရှိ မွတ်ဆလင် ကုလား တွေဘဲဆွဲမထည့်ကြပါနဲ့ သတင်းသေချာမ ပြောသင့်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကုလားတွေကို အစိုးရက ပို နှိပ်ကွက်ပြီး မြန်မာအလုပ်အသမား%ကို မြှင့်ပေးလိမ့်မယ်၊ အလုပ်ပါမစ် ပိုချပေးလာလိမ့်မယ် ထင်တာပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညက စင်ကာပူမှာ ဖြစ်ခဲ့သော အဓိကရုဏ်နျင့် ပတ်သက်ပြီး မသေချာဘဲ မသိဘဲ မဆီမဆိုင် လူမျိုး ဘာသာ စကားလုံးတွေ သုံးနှုန်းကာ မိမိအာဘော်တွေပါ ဖြည့်စွက်ပြီး မြန်မာပြည်တွင်းမှာ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်လာအောင် မရေးကြစေချင်ပါ။
ညက ဖြစ်ရပ်မှာ အိန္ဒိယ အလုပ်သမား ကားတိုက်မိ၍ သေဆုံးခြင်းအပေါ် သူငယ်ချင်းများက ဒေါသဖြစ်ရာက မူးနေကြချိန် ၀ိုင်းဝန်း ဆွမ်းကြီးလောင်းကြရင်း ရဲကား၊ လူနာတင်ကားတွေကိုပါ မီးရှို့ကြခြင်းဖြစ်သည်။

စင်ကာပူရဲက လုံးဝ အကြမ်းဖက် နှိမ်နင်းမှု မပြုလုပ်ဘဲ တန်ဘိုးမရှိသော သက်မဲ့ကားများကိုပဲ ဆုံးရှုံးခံလိုက်သည်။ ဤသည်ကား နမူနာ ယူစရာဖြစ်သည်။
လူမျိုးဘာသာသည် အဓိက မဟုတ်။ ဒေါသ သည်သာ တရားခံဖြစ်သည်။

ဧရာဝတီ သတင်း Myanmar News

စင်္ကာပူနိုင်ငံ Little India မှာ အကြမ်းဖက်မှုဖြစ်ပွား


ဒီဇင်ဘာလ ၈ရက်နေ့၊ စင်္ကာပူစံတော်ချိန် ည ၉း၂၃မှာ အသက် (၃၃)နှစ်အရွယ် အိန္ဒိယလူမျိုးတစ်ဦး လမ်းဖြတ်ကူစဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်၊ တိုက်သွားတဲ့ ကားဟာ ထွက်ပြေးသွားခဲ့တဲ့ အတွက် အဲဒီမှာ ရှိတဲ့ လူပေါင်း (၄၀၀)လောက်က အခုလို အကြမ်းဖက်ခဲ့ပါတယ်။

ဒီအကြမ်းဖက်သူတွေဟာ ရဲကား (၅)စီးကို ဖျက်ဆီးခဲ့ပြီး လူနာတင်ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

စင်္ကာပူရဲဌာနကတော့ ဒီဖြစ်စဉ်ဟာ Race Course Road နဲ့ Hempshire Road လမ်းဆုံနေရာမှာ ဖြစ်ပွားခဲ့တာမှန်တယ်လို့ အတည်ပြုပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒီအခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သူ (၂၇)ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။

အကြမ်းဖက်မှုကို ထိန်းသိမ်းခဲ့တဲ့ ရဲအရာရှိ Ng Joo Hee ကတော့ ဒီဖြစ်စဉ်ဟာ စင်္ကာပူမှာ နှစ်ပေါင်း (၃၀)အတွင်း ပထမဆုံးဖြစ်ပွားခဲ့
တာလို့ ပြောပါတယ်။

လွင်သန္တာစိုး

ထိုင်းလွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် ကျင်းပမည်


ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်က ထိုင်းပြည်သူ့ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ပြောဆို လိုက်ပါတယ်
ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်က ထိုင်းပြည်သူ့ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့  ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းဘာသာနဲ့ ထုတ်ပြန် ပြောဆို လိုက်ပါတယ်။

ဒီကနေ့မှာလည်း အတိုက်အခံ ဒီမိုကရက်ပါတီက ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန်က ဦးဆောင်ပြီးတော့ အစိုးရ ဖြုတ်ချရေး အတွက် ဘန်ကောက်မြို့မှာ လမ်းမပေါ်တွေထွက်ပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။

ဝန်ကြီးချုပ် မစ္စ ယင့်လပ်က “လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီးတော့ ဥပဒေ ပုဒ်မ ၁၈၀/၂ အရ ရွေးကောက်ပွဲ ပြန်လည် ကျင်းပတဲ့ အထိ တာဝန်ထမ်းဆောင်ခွင့် ရှိတယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပြုလုပ်ရန်လည်း ပြောဆိုပါသေးတယ်။ ထိုင်းဥပဒေ ပုဒ်မ ၁၈၁ အရ လွတ်တော် ဖျက်သိမ်းပြီးပါက ၄၅ ရက်အတွင်း ရွေးကောက်ပွဲ အသစ် ပြန်လည် ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စားပွဲဝိုင်းပေါ်မှာ အတိုက်အခံပါတီနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ၀န်ကြီးချုပ် ယင့်လပ်က ပြောကြားခဲ့ပေမယ့် ဖြစ်မလာပဲ အခုလို လွတ်တော် ဖျက်သိမ်းပေးခဲ့ရတာ ဖြစ်ပါတယ်။

လွှတ်တော်ဖျက်သိမ်းပေးလိုက်ပေးမယ့်လည်း အတိုက်အခံပါတီ ခေါင်းဆောင်တွေက လက်မခံဘူးလို့လည်း ထိုင်း သတင်းတွေအရ သိရပါတယ်။

ဆန္ဒပြ ခေါင်းဆောင်တွေက ယင့်လပ် အစိုးရဟာ အစ်ကိုဖြစ်သူ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ထိန်းချုပ် မှု အောက်မှာ ရှိနေတဲ့အတွက် ဖြုတ်ချရမယ်လို့ ပြောဆိုထားပါတယ်။

မနေ့ကလည်း ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရ ပြုတ်ကျရေးကို ဒီကနေ့ အဆုံးသတ်ဖို့ ဆော်သြ ခဲ့ပါသေးတယ်။

ဆန္ဒပြမှုတွေ အရှိန်မြင့်လာတာဟာ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံ ပြန်လာနိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ ထိုင်းဝန်ကြီးချုပ် ယင့်လပ်က လွှတ်တော်ထဲမှာ အတည်ပြုခဲ့ရာက စပြီး အစိုးရကိုပါ နုတ်ထွက်ပေးဖို့ အထိ တောင်းဆိုလာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ်က အာဏာ အလွဲသုံးစားလုပ်မှုနဲ့ အဂတိ လိုက်စားမှုတွေကြောင့် ဆိုပြီး စစ်တပ်က အာဏာသိမ်းတာ ခံခဲ့ရပြီးနောက် နိုင်ငံခြားမှာ နေထိုင်နေရတာပါ။

ထိုင်းဝန်ကြီးချုပ် ယင့်လပ်ဟာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ ထိုင်းရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့တဲ့ ဖုဝထိုင်းပါတီကနေ အနိုင်ရခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေး လောကကို ၀င်လာပြီး သီတင်းပတ် ၆ ပတ် အကြာမှာ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတဲ့အတွက် အတွေ့အကြုံ မရှိဘဲ အကို သက်ဆင်က ကြိုးဆွဲခံနေရတာလို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ကလေးတယောက် မိခင် အသက် ၄၄ နှစ်အရွယ် လုပ်ငန်းရှင် မစ္စယင့်လပ်ဟာ နိုင်ငံရေးသမားတဦး မဟုတ်သော်ပေမယ့် နိုင်ငံရေး သိပ္ပံဘာ သာရပ်ဖြင့် ဘွဲ့ရထားသူဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ကို အမေရိကန်နိုင်ငံ ကင်တက်ကီ ပြည်နယ်တက္က သိုလ်မှ ရရှိခဲ့ပြီး ရွေးကောက်ပွဲ မ၀င်ခင် ကာလအထိ အကိုသက်ဆင် တည်ထောင်ထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီး တခုဖြစ်သည့် Shin Corporation ၏ အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဧရာဝတီ သတင်း Myanmar News

ရေနှင့်မတည့်သောကြောင့် ငိုလျှင်ပင် မျက်ရည်ကြောင့်သေနိုင်သောမိန်းကလေး


ဝေလပြည်မြောက်ပိုင်း ဖလင့်မြို့၌ နေထိုင်သော အသက်၂၇နှစ်အရွယ်ရှိ ကက်တီဒဲလ်အမည်ရှိ မိန်းကလေးသည် ရေနှင့်ဓာတ်မတည့်သောကြောင့် ငိုမိလျှင်ပင် မျက်ရည်ကြောင့် သေနိုင်သည်ဟုဆိုသည်။ သူသည် ပြင်းထန်သော ရေနှင့် ဓာတ်မတည့်သည့် Aquagenic urticariaဟုခေါ်သော ရောဂါရှိပြီး တစ်ကမ္ဘာလုံး၌ ယင်းရောဂါမျိုးရှိသူ ၃၅ဦးသာ တွေ့ဖူးရာ အလွန်ရှားပါးသော ရောဂါဖြစ်သည် ဟုဆိုသည်။ သူသည် ငိုလိုက်လျှင်ပင် အလွန်နာကျင်သော အနီကွက်များ ဖြစ်ပေါ်လာသည် ဟုဆိုသည်။ သူသည် အဆိုပါရောဂါကြောင့် သူ၏ အလုပ်အကိုင်ဖြစ်သော အကသင်တန်း ဆရာမအလုပ်မှ ထွက်ခဲ့ရသည်။ သူ၏ အခြေအနေသည် ပိုမိုဆိုးဝါး၍ လာနေရာ သူသည် ယင်းကြောင့် အသက်ဆုံးရှုံးမည်ကို စိုးရိမ်နေသည် ဟုဆိုသည်။ အဆိုပါ မိန်းကလေးသည် အသက်၁၆နှစ် အရွယ်တွင် အာသီးဖြတ်ပြီးနောက် ယင်းကဲ့သို့ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ခြင်း ဖြစ်သည်ဟုဆိုသည်။ သူ့အား ဖြန့်ချိရေး ယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူ အင်ဒီ(၃၂နှစ်)က အချိန်ပြည့် စောင့်ရှောက်ပေး နေရကြောင်း သိရသည်။
ပြည်မြန်မာ
မြ၀တီ

လုပ်ငန်းခွင်များကစောင့်ကြိုနေမယ့် ထိပ်တန်းProgramming Skills များ




(Tech Space နည်းပညာဂျာနယ် Vol-2 Issue-6 Geeks Corner တွင်ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်)

ဘယ်လိုမျိုးProgramming Skillsတွေကသင့်ကို လုပ်ငန်းခွင်ဝင်ဖို့အာမခံချက်ပေးနိုင်ပါသလဲ။ဘယ်အရာတွေကျွမ်းကျင်
စွာတတ်မြောက်ထားမယ်ဆိုရင် သင့်ကို အိုင်တီကုမ္ပဏီကြီးတွေက ကမ်းလင့်လို့ကြိုဆိုနေမယ်ဆိုတာကိုသိပါသလား။ဆော့ဖ်ဝဲ
သမားများအဖို့ ဘယ်လိုမျိုးToolsတွေက သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ(ခေတ်နဲ့လျော်ညီပြီး တကယ့်ကိုစွမ်းဆောင်ရည်မြင့်
မြင့်မြင့်မားမားနဲ့ အသုံးချနိုင်မယ့်)ကို ဖြည့်ဆည်းထားရမလဲ၊စူးစိုက်စွာလိုက်စားသင့်သလဲဆိုတာတွေကိုဖော်ပြလိုက်ပါတယ်။


Programmer များအဖို့ ဘယ်လိုမျိုးSkillsတွေက ရှိထားဖို့အရေးတကြီးလိုအပ်သလဲဆိုတာကို သိထားမယ်ဆိုရင် သူတို့လျှောက်ရမယ့်လမ်းက ပိုမိုမြန်ဆန်မှာပဲဖြစ်ပါတယ်။
Programming Languageပေါင်းများစွာရှိရာ အားလုံးကိုသိဖို့၊တတ်ဖို့တော့မလိုအပ်ပါဘူး။သို့သော် အချို့သောLanguageများကတော့ Essentialအဖြစ်သိကိုသိ၊တတ်ကိုတတ်ရမှာပါ။အချို့သောProgramming Language
တွေကတော့ အသေးစိတ်ကိုသိကျွမ်းနားလည်ဖို့လိုအပ်ပါတယ်။မတူညီတဲ့Project သဘောသဘာဝများအရ လိုက်ဖက်တဲ့
Toolsများကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျအသုံးချတတ်ဖို့လိုအပ်ပါတယ်။


ယခုဖော်ပြမယ့် Skillsများကတော့ indeed.comနဲ့ cio.com တို့ ရဲ့စနစ်တကျပြုလုပ်ထားတဲ့ သုတေသနများမှ နောက်ဆုံးထွက်ရှိလာခဲ့တဲ့Reportပဲဖြစ်ပါတယ်။အလုပ်ခေါ် စာများ၊အလုပ်အကိုင်ရရှိမှုနဲ့ လစာနှုန်းထားများစသည့်အချက်
အလက်ပေါင်းစုံကို အခြေခံကာနောက်ဆုံးအနှစ်ချုပ်ထွက်ရှိလာခဲ့သည့်စစ်တမ်းများလည်းဖြစ်ပါသည်။နောက်ထပ်ဆယ်စုနှစ်တစ်
ခု(အနည်းဆုံးတော့) ၅နှစ်ကျော်အတွင်းကတော့ ဒီ စစ်တမ်းတွေက မှန်နေဦးမယ့်အလားအလာရှိပါတယ်။ဘယ်မြို့တွေကတော့
ဘယ်လို မျိုးSkillsရှိတဲ့ သူတွေပိုလိုအပ်သလဲ၊ဘယ်Skillsတွေကလစာနှုန်းထားနဲ့ လိုအပ်ချက်ပိုမိုမြင့်မားသလဲဆိုတာတွေလည်း
သိရှိနိုင်မှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့လေ့လာလိုက်ကြရအောင်။

(၁)SQL

ကျွန်တော်တို့သုံးစွဲနေတဲ့စီးပွားရေးလုပ်ငန်းသုံးဆော့ဖ်ဝဲတွေ၊web siteတွေရဲ့မျက်နှာပြင်ရဲ့နောက်ကွယ်မှာdatabase
တွေရဲ့ယန္တရားကြီးရှိပါတယ်။ဒီdatabaseတွေအတွက် SQL(Structured Query Language )အပေါ် များစွာမှီခိုရပါတယ်။Informationတွေကိုထည့်သွင်းဖို့၊ထုတ်ယူဖို့၊ပြုပြင်ဖို့၊တွက်ချက်ဖို့ စသည့်အမျိုးစုံသောလုပ်ငန်းဆောင်တာ
အားလုံးအတွက် တကယ့်ကို အသုံးတည့်ပြီးမဖြစ်မနေသိထားတတ်ထားရမယ့်အရေးအကြီးသော languageဖြစ်ပြီးမည့်သည့်
Programmar များအတွက်မဆို မဖြစ်မနေတတ်မြောက်ကျွမ်းကျင်ထားဖို့လိုအပ်သောကြောင့်ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။
ယခုပေးထားသောပုံတွင် လစာ၊အလုပ်ရသည့်အရေအတွက်၊US ရှိမည်သည့်မြို့များမှာ လိုအပ်ချက်မြင့်မားသလဲ ၊ဘယ်ကုမ္ပဏီများကအခေါ်အများဆုံးလဲဆိုတာတွေကို ဖော်ပြထားပါတယ်။

(၂)Java

Write-once-any-where ဆိုတဲ့စကားလုံးနဲ့နာမည်ကြီးခဲ့တဲ့Javaဟာ ဒီနေ့ခေတ်လို ကွန်ပျူတာသာမက အခြားသော
Electronics divicesပေါင်းစုံကို ကွန်ပျူတာဆော့ဖ်ဝဲထိန်းချုပ်စနစ်တွေနဲ့အသုံးချနေတဲ့အချိန်မှာ နေရာတကာမှာအသုံးတည့်တဲ့
Languageဖြစ်သလို Open Sourceလည်းဖြစ်၊cross platformလည်း runလို့ရတဲ့အပြင် Software Engineering လုပ်ငန်းစဉ်
များအတွက် လွယ်လင့်တကူ developing,maintainingတွေ လုပ်နိုင်မယ့်Object oriented programming သွင်ပြင်များနဲ့ဖွဲ့
စည်းတည်ဆောက်ထားတဲ့ languageတစ်ခုဖြစ်ပါတယ်။1995ကတည်းကတောက်လျှောက်ယနေ့ခေတ်ထက်ထိတိုင်အောင် developerများနဲ့ employer များကြားမှာ ရေပန်းအစားဆုံး၊နာမည်အကျော်ဆုံးနဲ့ အာမခံချက်အပေးနိုင်ဆုံးlanguageတစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါတယ်။


(၃)HTML

အင်တာနက် Web siteတွေကိုပင်မတည်ဆောက်ထားတာကတော့HTML(Hyper Text Markup Language) ပါပဲ။ကမ္ဘာတလွှားဖြန့်ကျက်ထားတဲ့အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးအတွက် စံသတ်မှတ်ထားတဲ့ languageတစ်ခုလည်းဖြစ်ပါတယ်။ယခုနောက်ဆုံး HTML5 အထိ ရောက်ရှိလို့လာခဲ့တဲ့အခါမှာတော့သူ့ရဲ့ powerဟာ ထင်မှတ်မထားလောက်အောင်ကို ကြီးမားသွားပါတယ်။သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေပိုမိုများပြားလာသလို ယခင်က third party applicationတွေပေါ်မှာမှီခိုခဲ့ရမှုတွေက တဖြည်းဖြည်းလျော့ကျလာပြီး မိုဘိုင်းOSပေါင်းစုံရဲ့ appsတွေဖန်တီးဖို့အထိအားထားလို့လာခဲ့ရပါတယ်။HTMLကို JavaScript နဲ့ CSSတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပိုမိုဆွဲဆောင်မှုရှိပြီး interactive ဖြစ်တဲ့web စာမျက်နှာများကို ဖန်တီးနိုင်ပါတယ်။Geolocation, Video နဲ့ ဂိမ်းများအတွက်လိုအပ်တဲ့ ဒီဇိုင်းပုံစံများကိုဖန်တီးနိုင်မှာဖြစ်သလို CSSနဲ့jQueryတို့ကိုရောစပ်သုံးစွဲလိုက်တဲ့အခါမှာတော့ Web siteတွေထဲမှာ hot အဖြစ်ဆုံးသောဒီဇိုင်းပုံစံများကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

(၄)JavaScript

Java Scriptကတော့HTMLလိုဘဲwebအတွက်အလွန်အရေးကြီးပါတယ်။ကျွန်တော်တို့အနေနဲ့ တော်ရုံတန်ရုံ processingလုပ်ဆောင်ဖို့ လိုအပ်တဲ့ကိစ္စတွေအတွက်ဆိုရင် ကျွန်တော်တို့ကြည့်နေတဲ့Web Browser မှာrunကာserver side မှာလုပ်ဆောင်တာထက်ပိုမိုမြန်ဆန်တဲ့responseများကိုရရှိနိုင်မှာပါ။မကြာသေးမီက java script libraryများကို အသုံးပြုပြီး ဒီဇိုင်းများအတွက် ပိုမိုလွယ်ကူစွာ ဖန်တီးနိုင်(အသင့်သုံးနိုင်မယ့်) jQuery လိုမျိုး library တွေများစွာပေါ်ပေါက်လာတာကလည်း
Java Scriptကို ပိုမိုတွင်ကျယ်စွာအသုံးချလာနိုင်ခြင်းပဲဖြစ်ပါတယ်။

(၅)C++

1983 ခုနှစ်က Bjarne Strousup တီထွင်ဖန်တီးခဲ့တဲ့ C++ဟာ C languageအပေါ် အဆင့်မြှင့်တင်မှုတွေများစွာပြုလုပ်ခဲ့ပြီး programming ရဲ့ လမ်းကြောင်းသစ်တစ်ခုကိုဖောက်နိုင်ခဲ့ပါတယ်။low-level စွမ်းဆောင်ရည်တွေကို OOP စနစ်များနဲ့ပြုပြင်ပြောင်းလဲအစားထိုးလိုက်နိုင်ကာ OOPရဲ့ခေတ်ကိုစဖောက်ခဲ့တဲ့languageလည်းဖြစ်ပါတယ် ။ Reusable code တွေကို ပြန်လည်အသုံးချနိုင်စွမ်းကြောင့် High-level languageတစ်ခုအဖြစ် applicationများစွာကိုလွယ်ကူလျှင်မြန်စွာတည်ဆောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကွန်ပျူတာစနစ်ရဲ့ တကယ့်အတွင်းပိုင်းSystemတွေနဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာတော့C နဲ့ C++တို့ဟာ ပင်မ အသုံးချရတဲ့languageတွေပဲဖြစ်ပါတယ်။များသောအားဖြင့်ဒီLanguageတွေနဲ့ တိုက်ရိုက်အသုံးချပြီးDevelopingလုပ်တာဟာ တကယ့်ကြီးမားလှတဲ့ကုမ္ပဏီကြီးတွေမှာဖြစ်ပြီး programmerများအတွက် ကတော့ C++ကျွမ်းကျင်မယ်ဆိုရင် အခြားသော languageတွေကို လွယ်လင့်တကူ လျှင်မြန်စွာတတ်မြောက်နိုင်မှာပါ။ဥပမာအားဖြင့် C++ ကျွမ်းကျင်သူတစ်ယောက်ဟာ Java,C#နဲ့ Object-C languageများကို လျှင်မြန်စွာတတ်မြောက်မှာပဲဖြစ်ပါတယ်။


(၆)C#

C Sharpလို့အသံထွက်တဲ့Object-oriented C#ဟာMicrosoft ရဲ့ .Net libraryတွေနဲ့ လုံးဝသုံးစွဲနိုင်စွမ်းရှိတဲ့ Multi –paradigm programming languageပဲဖြစ်ပြီး Microsoftမှ ဖန်တီးခဲ့ခြင်းလည်းဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းအသုံးအများဆုံးOS ဖြစ်တဲ့Windows OSများအတွက်တော့C#ဟာပင်မလိုအပ်ချက် languageဖြစ်ပြီး cross-platform languageတစ်ခုအဖြစ်ဒီဇိုင်းချပြုလုပ်ထားတာဖြစ်ပါတယ်။


(၇)XML

Extensible Markup Language သို့မဟုတ် XMLဟာလည်းHTMLလိုမျိုးmarkup languageတစ်ခုဖြစ်ပြီး dataများကို web စာမျက်နှာများမှာဖော်ပြနိုင်ဖို့၊transfarလုပ်နိုင်ဖို့ ၊သိုလှောင်သိမ်းဆည်းထားနိုင်ဖို့တို့အတွက်ပေါ့ပေါ့ပါးပါးသုံးစွဲနိုင်တဲ့formatတစ်ခုပဲဖြစ်ပါတယ်။XML codeတွေကလူတွေနားလည်နိုင်မယ့်ပုံစံနဲ့ဖတ်ရှုနိုင်ပြီးစက်ကလည်းinterpret လုပ်နိုင်ပါတယ်။


(၈)C

Cကတော့ဘယ်အချိန်ပဲမဆို ထိပ်ဆုံးကရပ်နေမယ့်languageပဲဖြစ်ပါတယ်။ဘာလို့လဲဆိုသောအားလုံးသောအခြားနာမည်ကြီးprogramming languageများ(ဥပမာ-C#,Phthon,PHPနဲ့Perl)တို့လိုမျိုးGeneral purpose languageတွေရဲ့မိခင်ဖြစ်နေလို့ပါပဲ။သူ့ဆီကနေပဲ
ခွဲထွက်ကာစံအဖြစ်ယူထားတာပါ။


(၉)Perl

Perl ကလည်းထွက်ရှိခဲ့တာကြာပါပြီ။1987 ခုနှစ်က Larry Wallကဖန်တီးခဲ့ပြီး Unix Scripting languageတစ်ခုအဖြစ်စတင်ခဲ့ပါတယ်။Perlက C, Shell Script ,AWK တို့ရဲ့featureများကို ပေါင်းစပ်ပြီး developerများအတွက် ပိုမိုလွယ်ကူစွာရေးသားနိုင်စေမယ့်text dataများအဖြစ် သုံးစွဲနိုင်ရန်ဖန်တီးထားခြင်းလည်းဖြစ်ပါတယ်။


(၁၀)Python

High-level OOP languageတစ်ခုဖြစ်တဲ့ Pythonဟာ Googleရဲ့ပင်မအသုံးပြုတဲ့Languageတွေထဲကတစ်ခုအပါအ၀င်ဖြစ်ပြီး ပုံစံမျိုးစုံနဲ့သုံးစွဲနိုင်ပါတယ်။pythonက နားလည်လွယ်တဲ့languageတစ်ခုလည်းဖြစ်ပါတယ်။ codeများကို တိုတိုတောင်းတောင်းနဲ့ အသုံးချနိုင်မှာဖြစ်ပါတယ်။dynamicဖြစ်တဲ့languageတစ်ခုလည်းဖြစ်ပါတယ်။